တရားမဝင်ပိုင်ဆိုင်မှုတွေ စုဆောင်းထားရှိမှုနဲ့ ဘင်္ဂလားဒေ့ရှ် ဥပဒေပြုလွှတ်တော်အမတ် ထောင်ချခံခဲ့ရ

ဒါကာ၊ဘင်္ဂလားဒေ့ရှ်၊ နိုဝင်ဘာ ၂ – အာဏာရပါတီရဲ့ဥပဒေပြုအမတ်ကို တရားမဝင်စုဆောင်းပြီးဖုံးကွယ်ထားတဲ့ ပိုင်ဆိုင်မှုသန်း ၁၀၀ ရှိတယ်ဆိုတဲ့ကိစ္စနဲ့အပြစ်ရှိတယ်၊လို့တွေ့ရှိခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ကဘင်္ဂလားဒေ့ရှ်တရားရုံး ကထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပါတယ်။

တရားသူကြီး အဘူ အာမတ် ဂျာမာဒါက အပြစ်ရှိတဲ့ ဥပဒေပြုအမတ်ကို ဒဏ်ကြေးအနေနဲ့ဒေါ်လာ ၁သန်းချမှတ် ခဲ့ပါတယ်။ မြို့တော်ဒါကာမှာ သူ့ရဲ့ပြစ်ဒဏ်စီရင်ချက်ကိုကြေညာပြီးတဲ့အခါမှာတော့ ရဲတွေကသူ့ကိုအကျဉ်းထောင် ကိုခေါ်ဆောင်သွားကြပါတယ်။

ဘိုဒီ ဟာသူတို့ရဲ့ပါတီနိုင်ငံ့အာဏာကိုစတင်တာဝန်ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကစပြီးအကျင့်ပျက်ခြစားမှုနဲ့စွဲချက် ပထမဆုံးစွဲချက်အတင်ခံခဲ့ရတဲ့ Awmi League ပါတီဥပဒေပြုအမတ်တစ်ဦးဖြစ်ပါတယ်။ ဘိုဒီရဲ့ရှေ့နေကတော့ သူတို့အနေနဲ့ သည်ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာပါ၊လို့ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ Transparency International ကဇန်နဝါရီလထုတ်ပြန်ခဲ့တဲ့ အကျင့်ပျက်ခြစားမှုနိုင်ငံ များစာရင်းမှာ အမှတ်စဉ် ၁၃ နေရာမှာရပ်တည်နေပါတယ်။

လာဘ်စားတဲ့ကိစ္စဟာ အဓိကကျတဲ့နိုင်ငံရေးကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေကြားမှာလည်း တစ်ဖက်နဲ့တစ်ဖက် အကျင့်ပျက်ခြစားမှုတွေလုပ်တယ်ဆိုပြီးစွပ်စွဲတာမျိုးတွေရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်တရားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇိုင်းကို တရုတ်ကုမ္ပဏီကို ကျောက်မီးသွေးမိုင်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်ပေးအပ်ခဲ့တဲ့ကိစ္စအပါအဝင် အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ စစ်ဆေးမေးမြန်းသွားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Author – မအေးသီမွန်

[Ref:AP; 2 November,2016]