ဂျီ ၂၀ မှာ ရေခဲမုန့်လက်ဆောင်ကြောင့် ရုရှား- တရုတ်ဆက်ဆံရေး နွေးထွေး

ဟန်ကျိုး၊ စက်တင်ဘာ ၄ – မော်စကိုနဲ့ဘေဂျင်း ကြား ဆက်ဆံရေးနွေးထွေးပေမဲ့ ဗလာဒီမာပူတင်ဟာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် အေးစက်နေတဲ့ လက်ဆောင်တစ်ခုယူခဲ့ပါ တယ်။ အဲဒါက တော့ ရေခဲမုန့်တစ်စည်ပါပဲ။

ပူတင်ကို ရှီက ဟန်ကျိုးမြို့ အစိုးရ ဧည့်ဂေဟာမှာ ကြိုဆိုချိန် ပူတင်က ရေခဲ မုန့်ရဲ့အရသာကို ထုတ်မပြောခဲ့ပါဘူး။

“ခင်ဗျားအတွက် ရေခဲမုန့်ယူလာမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်၊ အခုခင်ဗျားအတွက် ရေခဲမုန့်တစ်ပုံးယူလာတယ်”လို့ ပူတင်က ဆိုပါတယ်။

ရှီက ရုရှားသမ္မတကို သူ့ကြင်နာမှု အတွက် ကျေးဇူးတင်ကြောင်း ပြောပြီး သူ ဟာ မော်စကိုကိုချစ်ကြည်ရေး ခရီးအကြိမ် ကြိမ် သွားရောက်စဉ် ရုရှားရေခဲမုန့် အရ သာကို ကြိုက် လာတယ်လို့ ပြောပါတယ်။

“ကျွန်တော် ရုရှားကို လာတိုင်း သူတို့ ကို ကျွန်တော့်အတွက် ရုရှား ရေခဲမုန့်သွားဝယ်ခိုင်းတယ်”လို့ ရှီက ပြောကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောစကားတွေအရ သိရပါတယ်။

“ခင်ဗျားတို့ရဲ့ လတ်ဆတ်တဲ့ ခရင်မ်က အကောင်းဆုံးပဲ၊ အဲဒါကြောင့် ခင်ဗျားတို့ ရေခဲမုန့်ကအထူးအရသာရှိနေ တာပါ၊ ကျွန်တော် တော်တော်ကြိုက်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ခေါင်းဆောင်နှစ်ယောက်ဟာ ဂျီ ၂၀ သီးသန့်အစည်းအဝေးတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ ကတိပြုခဲ့ ကြောင်း ရှီက ပြောပါတယ်။
စုပြည့်စုံ
[ref: AFP. Sep 4, 2016.]