ကမ္ဘာ့နိုင်ငံတချို့ စင်ကာပူကို ခရီးသွားမှုဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထား

ရောဂါဖြစ်ပွားပြီးတဲ့နောက်ပိုင်း ခြင်ဆင်းဖျန်းတာလို ကြိုတင်ကာကွယ်ရေး
လုပ်ငန်းစဉ်တွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

စင်ကာပူ၊ ဩဂုတ် ၃၀ - စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ကျော်လာတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုယ်ဝန် ဆောင်မယ့်မိခင်လောင်းတွေအနေနဲ့ စင်ကာပူနိုင်ငံဆီ ခရီးသွားတာကို ရှောင်ရှားကြဖို့ ဩ
စတြေးလျား၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား တို့က သတိပေးချက်အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုတွေနဲ့ ရောဂါဆိုင်ရာ သတိပေးမှုတွေက ကမ္ဘာ့ အစည်ကားဆုံး ခရီးသွားအချက် အချာတွေထဲကတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ခရီးသွားကဏ္ဍကို ထိခိုက်လာစေနိုင်တဲ့အနေအထားရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က စင်ကာပူပြည်တွင်းမှာ ပထမဆုံး ဇီကာကူးစက်ခံရမှုကို တွေ့ရှိခဲ့ ပြီး ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၈၂ ယောက်အထိ တိုးလာခဲ့ပါတယ်။ ၃၆ ဦးကတော့ အပြည့်အဝပြန်လည်ကျန်းမာလာခဲ့ ပြီဖြစ်ပါတယ်။

ဇီကာရောဂါပိုးဟာ ပြီးခဲ့တဲ့နှစ်က ဘရာဇီးမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကတစ်လွှားမှာ အဲသည်အချိန်ကတည်းက ရောဂါ ပိုး ပျံ့နေခဲ့တာဖြစ်ပါတယ်။ သည် ရောဂါပိုးဟာ မွေးရာပါချွတ်ယွင်းချက်တွေ ဖြစ်လာတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အန္တရာယ်ရှိစေလာနိုင်တဲ့အ တွက် စိုးရိမ်မှုတွေဖြစ်ပေါ်လာခဲ့ပါ တယ်။ ဘရာဇီးမှာတော့ ကလေး ငယ် ၁၈၀ဝ ကျော်ဟာ ဦးခေါင်းသေးတဲ့ရောဂါတွေ ခံစားနေကြရပါတယ်။ စင်ကာပူနိုင်ငံမှာတော့ အခု လက်ရှိအချိန်အထိ ရောဂါဖြစ်ပွား သူ ၈၂ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်ဝမ်၊ ဩစတြေးလျားနဲ့ တောင်ကိုရီးယားအစိုးရတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်မယ့်မိခင်လောင်းတွေကို စင်ကာပူကိုသွားမယ့်ခရီးစဉ်တွေကို ရွှေ့ဆိုင်းထားကြဖို့ အကြံပြုထားပါတယ်။ စင်ကာပူကနေ
ပြန်လာတဲ့သူတွေအနေနဲ့ လည်း ကိုယ်ဝန်ဆောင်တာကို ရှောင်ရှားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။ တောင်ကိုရီး ယားခရီးသွားတွေအနေနဲ့ စင်ကာ ပူကို ရောက်တဲ့အချိန်မှာလည်း တောင်ကိုရီးယားအစိုးရက ပေးပို့ တဲ့ သတိပေးချက်စာတိုတွေကို  လက်ခံရရှိကြမှာဖြစ်ပါတယ်။

စင်ကာပူနဲ့အနီးဆုံး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ရောဂါဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်တွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ လေဆိပ်တွေနဲ့နယ်စပ်ဝင်ပေါက်တွေမှာ ကိုယ်အပူချိန်တိုင်း စကင်န်ဖတ်တဲ့စက်တွေ တပ်ဆင်ထားပါတယ်။

သူတို့အနေနဲ့ တိုးတက်မှုအ နေအထားတွေကို စောင့်ကြည့်နေတယ်လို့ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။ စင်ကာပူနိုင်ငံဟာ ခရီးသွားလို့ ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုအဖြစ် ဆက်ရှိနေဆဲပါပဲလို့ ပြော
ကြားခဲ့ပါတယ်။

နှစ်စဉ် စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်ကနေတစ်ဆင့် ခရီးသွားလာသူ ခရီး သည် ၅၅ သန်း လောက်ရှိပါတယ်။ အခုနှစ် ပထမနှစ်ဝက်မှာ တင် နိုင်ငံကို လာရောက်တဲ့ခရီးသွားအရေအတွက် ဟာ ၈.၂ သန်းနီးပါးရှိပါတယ်။ ပြီး ခဲ့တဲ့နှစ်က အခုလိုအချိန်မှာ ၇.၃ သန်းသာ ရှိခဲ့တာဖြစ်ပါတယ်။

ခြင်နိုင်ဆေးနဲ့ ခြင်ပြေးစေတဲ့ ပစ္စည်းတွေ ရောင်းအားဟာ လွန်ခဲ့တဲ့တစ်ပတ်ကထက် ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ ငါးဆလောက် တက်သွားခဲ့တယ်လို့ အင်္ဂါနေ့က Lazada Singapore အွန်လိုင်းအရောင်းဆိုင်တစ်ခုက ပြောပြပါ တယ်။

မအေးသီမွန်
[ref:Reuters, Aug 30, 2016]