The Kumudra Journal

နေပြည်တော်မှာ ၂၀၁၆ အတွင်း မှုခင်း သုံးဆကျော် မြင့်တက်

နေပြည်တော်မြို့အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေတဲ့ ရဲကားတစ်စီးကို တွေ့ရစဉ်။

 

နေပြည်တော်၊ ဇန်နဝါရီ ၄ - နေပြည် တော်မှာ ၂၀၁၆ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားနှုန်းဟာ ၂၀၁၅ ခုနှစ် ကထက် သုံးဆကျော် မြင့်တက်ခဲ့တယ်လို့ ရဲအရာရှိအချို့က ပြောပါတယ်။

၂၀၁၅ ခုနှစ် တစ်နှစ်လုံးရဲ့မှုခင်းဖြစ်ပွားမှု အနှစ်ချုပ်စာရင်းမှာ ၉၄၅ မှုဖြစ်ပွားပြီး ၂၀၁၆ ခုနှစ်ရဲ့ အနှစ်ချုပ် မှုခင်းဖြစ်ပွားမှုနှုန်းမှာ ၃၅၃၈ မှုနဲ့ ဖြစ်ပွားနှုန်း မြင့်တက်ခဲ့တယ်လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းဇယားများ အရ သိရပါတယ်။

ပျဉ်းမနားမြို့မရဲစခန်း စခန်းမှူး တင်ဌေးက “ပြည်သူတွေတရားပဒေကို လေးစားလိုက်နာဖို့ လိုပါတယ်၊ တချို့တွေက သိတော့သိတယ် ဒါပေမဲ့ တရားUပ ဒေကို မလိုက်နာဘူး၊ တာဝန်ရှိသူတွေက ချမှတ်ထားတာကို လိုက် နာဆောင်ရွက်မယ်ဆိုရင် လာမယ့် ၂၀၁၇ အတွက်မှုခင်းဟာ ကျ ဆင်းမှာပါပဲ”လို့ သုံးသပ်ပြောကြားပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ မော်တော်ယာဉ်ဥပဒေထွက်ပေါ်လာတာကြောင့် အမှုအရေအတွက် မနှစ်ကထက် မြင့်တက်လာတာ ဖြစ်တယ်။

ဆိုင်ကယ်ခိုးမှု အပါအဝင် မော်တော်ယာဉ် ဥပဒေမှာပါတဲ့ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အမှုတွေပါဝင်လာတာကြောင့် ကြို တင်ကာကွယ်မှုအမှုပေါင်းဟာ လည်း ၃၅၀ဝ ကျော်အထိ မြင့် တက်လာပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း မုဒိမ်းမှု ၂၁ မှုသာ ဖြစ်ပွားခဲ့ပေမဲ့လည်း ၂၀၁၆ ခုနှစ်မှာ မုဒိမ်း မှုပေါင်း ၄၃ မှုအထိ မြင့် တက်ခဲ့ပါ တယ်။

နေပြည်တော်တိုင်းရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူတစ်ဦးက ‘မုဒိမ်းမှုမြင့်တက်လာတာဟာ ၂၀၁၆ ခု နှစ်အတွင်း မုဒိမ်းမှုပြဋ္ဌာန်းချက်ကို အသက် ၁၆ နှစ်လို့ ပြင်ဆင်လိုက် တာကြောင့် လူခိုးမှုများကို အမှု ဖွင့်ရာ မုဒိမ်းမှုမြောက်တာကြောင့် မနှစ်ကထက် အမှုအရေအတွက် မြင့်တက်လာတာဖြစ်ပါတယ်”လို့ သုံးသပ်ပြောကြားပါတယ်။

နေပြည်တော် ရှစ်မြို့နယ်အတွင်း ပျဉ်းမနားမြို့အတွင်းမှာ အမှုအရေအတွက် အများဆုံးဖြစ်ပွားတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်အတွင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းစာရင်း

ဖြစ်ပွားခဲ့သောအမှု စုစုပေါင်း
လူသတ်မှု ၃၂ မှု
ဓားပြမှု ၃ မှု
လုယက်မှု ၅ မှု
ဖောက်ထွင်းမှု ၁ မှု
မုဒိမ်းမှု ၄၃ မှု
ခိုးမှု ၆(၁) ၂၈ မှု
စက်ဘီးခိုးမှု ၁ မှု
ဆိုင်ကယ်ခိုးမှု ၉၅ မှု
ကားခိုးမှု ၂ မှု
ခါးပိုက်နှိုက်မှု ၃ မှု
ခြောက်လှန့်တောင်းရမ်းမှု ၂၆ မှု
ခိုးမှု ရိုးရိုး ၂၈၃ မှု
ယာဉ်တိုက်မှုပေါင်း ၄၂၃ မှု
အခြားအမှုပေါင်း ၁၂၆၅ မှု

 

Author မိုးမိုး