The Kumudra Journal

နေပြည်တော်က ရဲအုပ်အသတ်ခံရမှုမှာ စွပ်စွဲခံထားရသူတွေ ထွက်ဆို

နေပြည်တော်၊ ဇန်နဝါရီ ၂ - နေပြည်တော်မှာ နယူးရီးယားညက ရဲအုပ်တစ်ဦးပုဆိုးနဲ့ လက်နောက်ပြန်တုပ်ပြီး အသတ်ခံရမှုမှာ သံသယရှိသူ သုံးဦးကို ဖမ်းဆီးလိုက်ပါ တယ်။

ဒက္ခိဏသီရိမြို့နယ်က တာဝန်ရှိသူတစ်ဦးက “တရားခံကို စစ်ဆေးတော့ သေမယ်မထင်ဘူး၊ သေမယ်ထင်ရင် အိမ်ပြန်ခေါ်သွားမှာပေါ့ ၊ အမူးပြေသွားရင် ပြန်သွားမယ်ထင်လို့ ဒီအတိုင်းပဲ ထားခဲ့ တာ၊ငယ်နိုင် ဆိုတော့ ပြန်မလုပ်တတ်အောင်လို့ ပုဆိုးချွတ်ပြီး လက်နောက်ပြန်တုပ်ခဲ့တာပါ”လို့ စွပ်စွဲခံရသူရဲ့ ထွက်ဆိုချက်ကို   ပြန်ပြောပြ တယ်။

သေဆုံးသူ  ရဲအုပ်ဇော်ဇော်မှာ မေးစေ့မှာ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ အပေါ်  နှုတ်ခမ်းဖူးရောင် ညိုမည်းဒဏ်ရာနဲ့ လည်ပင်း၊ ဝဲရင်ဘတ်နဲ့ ယာပေါင်တို့မှာ ညိုမည်းဒဏ်ရာတွေနဲ့  ဒက္ခိဏသီရိမြို့နယ် မိုးလေလမ်းနဲ့ သပြေ (၁၃) လမ်း လမ်းဆုံ အနီး ကွန်ကရစ်လမ်းမပေါ်မှာ ၄င်္ံ/၆၇၂၈  ကိုရိုလာအပြာရောင်ယာဉ်သော့တန်းလမ်းနဲ့ တွေ့ရှိရတယ်လို့ ဒက္ခိဏသီရိမြို့မ ရဲစခန်းရဲ့  စစ်ဆေးချက်အရ သိရပါတယ်။

စွပ်စွဲခံထားရသူ ညီအစ်ကို သုံးယောက်မှာ သေဆုံးသူ ရဲအုပ်ဇော်ဇော်နဲ့ ညီအစ်ကို ဝမ်းကွဲတော်စပ်ကြပြီး နယူးရီးယားမှာ လွန်ကဲစွာ သောက်စားခဲ့တာ ကြောင့်  စနောက်ရာက ရန်ဖြစ်စကားများ ပြီး အသက်ပါဆုံးရှုံးတဲ့အထိ  ဖြစ်ပွားခဲ့တာ လို့ သိရပါတယ်။

ဒက္ခိဏသီရိမြို့မ ရဲစခန်းက (ပ) ၂/ ၂၀၁၇၊ ရာဇသတ်ကြီး  ပုဒ်မ ၃၀၂  နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

Author မိုးမိုး