လူကုန်ကူးမှုနဲ့ တရားစွဲခံရတဲ့ အင်းဝအပ်ချုပ်ဆိုင် မိသားစုအမှု ကလေးမနှစ်ဦး ရရှိတဲ့ဒဏ်ရာတွေ မှုခင်းဆရာဝန် ထွက်ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ – အင်းဝအပ်ချုပ်ဆိုင် မိ သား စုဝင် ခြောက်ဦး လူကုန်ကူးမှုနဲ့တရား စွဲဆိုထားမှု တရားလိုပြသက်သေအဖြစ် မှု ခင်း ဆရာဝန်ကိုစစ်ဆေးရာ ကလေးမလေး နှစ်ဦး ခန္ဓာကိုယ်မှာ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထွက်ဆိုတယ်။

မှုခင်းဆရာဝန်ကျမ်းကျိန်ထွက်ဆိုတာကတော့ နစ်နာသူ ကလေးမလေးနှစ်ဦး ထဲက မစန်း…ရဲ့ ခန္ဓာကိုယ်မှာ ရရှိတဲ့ ဒဏ်ရာတွေကို နဖူးကစပြီး ခြေဆုံးအထိ ၂၇ ပိုင်းခွဲကာ အသေးစိတ်တင်ပြပါတယ်။ မျက်နှာပြင်ပေါ်က နဖူး၊ မျက်ခုံး၊ နှုတ်ခမ်း၊ ပါးပြင်၊ နားရွက်အောက်၊ မေးစေ့တို့မှာ အမာရွတ်ဟောင်း စုစုပေါင်း ၁၀ ခုရှိကြောင်း အရွယ်အစားပမာဏနဲ့ ထွက်ဆိုပါတယ်။ လည်ပင်းပတ်လည်မှာ အမာရွတ်ကိုးခု၊ ဝဲယာလက်ပြင်မှာ အမာရွတ်ရှစ်ခု၊ ဘယ်ညာ ပခုံးနှစ်ဖက်မှာ အမာရွတ် ၂၇ ခု၊ လက်နှစ် ဖက်ရဲ့ လက်မောင်း၊ လက်ဖျံလက်ခုံမှာ စုစု ပေါင်း အမာရွတ် ၇၄ ခု ရှိကြောင်း အရွယ်အစားပမာဏနဲ့တကွ အသေးစိတ် ထွက်ဆိုပါတယ်။

လက်ချောင်း ၁၀ ချောင်းမှာ လက်မ နှစ်ချောင်းကလွဲရင် ကျန်လက်ချောင်းများ အားလုံး လက်ဆစ်ရိုးအလယ် ပုံပျက်နေ ကြောင်း၊ ကျောပြင်မှာ အမာရွတ်ခုနစ်ခု၊ ဘယ်ညာပေါင်နှစ်ဖက်ပတ်လည်မှာ အမာရွတ် စုစုပေါင်း ၃၄ ခု၊ ခြေကျင်းဝတ်နဲ့ ဒူး ခေါင်းမှာ အမာရွတ်စုစုပေါင်းလေးခုရှိ ကြောင်း ခန္ဓာကိုယ်ပြင်ပဒဏ်ရာများနဲ့ ပတ်သက်ပြီး ထွက်ဆိုပါတယ်။ ဦးခေါင်းကို ဓာတ်မှန်ရိုက်ကြည့်ရာ ဦးခွံရိုးငယ်ထိပ်နေ ရာ ချိုင့်ဝင်နေပြီး အလယ်ဆက်ကြောင်း ဟကာ ကျိုးနေကြောင်း၊ ဝဲဘက် လက်မောင်း ဓာတ်မှန်ရိုက်ရာ လက်မောင်း အောက်ပိုင်း ကျိုးနေကြောင်း၊ ယာလက်ဓာတ်မှန်ရိုက်ရာ နံပါတ် ၂/၃/၄ လက် ချောင်းထိပ်ပိုင်း ကျိုးနေကြောင်း၊ အခြား ခနÎာကိုယ်အစိတ်အပိုင်းများမှာ ကျိုးခြင်း၊ အဆစ်လွဲခြင်း မတွေ့ရကြောင်း ထွက်ဆိုပါတယ်။

ဓာတ်မှန်စစ်ဆေးချက်အရ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်ခွဲအရွယ် အမျိုးသမီးတစ် ဦးဖြစ်ကြောင်းနဲ့ ဆေးပညာအရ ဒဏ်ရာ သက်တမ်းအတိအကျ မခန့်မှန်းနိုင်သော် လည်း အနည်းဆုံး တစ်လကျော်ရှိမည် ထင်မြင်ယူဆကြောင်း၊ အပြင်းအထန် နာ ကျင်မှုအမျိုးအစားဖြစ်ပြီး အတွင်းလူနာအဖြစ် ဆေးရုံတက်ကုသနေရပြီး ရက်ပေါင်း ၁၀၅ ရက်ရှိကာ ဆက်လက်ကုသရမည့် အ ချိန်အတိအကျ မပြောနိုင်ကြောင်း ထွက်ဆိုတယ်။ ဥပဒေအရာရှိက ဆေးစာကို သက်သေခံအဖြစ် တင်သွင်းပါတယ်။

ကလေးမလေး မသူ…ရရှိတဲ့ ဒဏ်ရာများနဲ့ ပတ်သက်ပြီး ထွက်ဆိုတာကတော့ ၂၂ ရက် စက်တင်ဘာ ၂၀၁၆ က ခေါ်ယူ စစ်ဆေးရာ ဝဲယာနဖူးအမာရွတ်ရှိကြောင်း၊ နှာခေါင်းရင်းအပေါ်ဘက် ကန့်လန့်ဖြတ် အမာရွတ်ရှိကြောင်း၊ ဘယ် ညာ လက် မောင်း အမာရွတ်စုစုပေါင်း ၁၂ ခုရှိကြောင်း၊ ဘယ်ညာလက်ဖျံနဲ့ လက်မောင်းမှာ အမာရွတ် စုစုပေါင်း ၁၅ ခု၊ ခြေထောက်နှစ်ဖက် မှာ အမာရွတ်စုစုပေါင်း ခုနစ်ခုရှိကြောင်းနဲ့ ဒဏ်ရာများ သက်တမ်းအတိအကျ မခန့် မှန်းနိုင်သော်လည်း အနည်းဆုံး အချိန်တစ်လကြာပြီဖြစ်ကြောင်း ခန္ဓာကိုယ်ဓာတ်မှန် ရိုက်ကြည့်ရာ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရင်ခေါင်းအတွင်း သွေးခိုအောင်းခြင်း မရှိကြောင်း၊ နှာခေါင်းအပေါ်ဘက် ကန့်လန့်ဖြတ်ဒဏ်ရာဟာ အမြဲတစေ ရုပ်ဆင်း အင်္ဂါပျက်စီးစေကြောင်း ထွက်ဆိုပါတယ်။

အဲသည်နောက် ဥပဒေအကျိုးဆောင်က မေးခွန်းတချို့မေးမြန်းပြီး ဆေးစာကို သက်သေခံတင်သွင်းပါတယ်။ စွပ်စွဲခံရသူ များဘက်က အကျိုးဆောင်ရှေ့နေများ အလှည့်ကျ ပြန်လှန်စစ်ဆေးပါတယ်။

ဖြစ်စဉ်အကျဉ်း

သည်အမှုဟာ ကျောက်တံတားမြို့ နယ်အတွင်း အိမ်အကူမိန်းကလေးငယ် နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာမပေးဘဲ အိမ်ရှင်ဖြစ်သူတွေက တုတ်နဲ့ ရိုက်၊ ရေနွေးပူနဲ့လောင်း၊ ကတ်ကြေးနဲ့ ထိုး၊ လက် ချောင်းများ လှန်ချိုးခဲ့တဲ့အပြင် နေအိမ်က ထွက်လို့မရအောင် တားဆီး ပိတ်ပင်ထားတယ်ဆိုပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာ မျက်နှာမှာ ပျံ့နှံ့ခဲ့လို့ လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က တရားလိုပြုလုပ် ကာ အနောက်ပိုင်း ခရိုင်တရားရုံးကို တရား စွဲတင်ပို့ခဲ့မှု ဖြစ်ပါ တယ်။ အမှုနဲ့စွပ်စဲါခံရသူ တွေကို အိမ်အ ကူ မိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာမပေးလို့ လူကုန်ကူး တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၉/၂၄/၃၂ နဲ့ အနောက်ပိုင်းခရိုင် တရားရုံးကိုတရားစွဲ တင်ပို့တာ ဖြစ်ပါတယ်။

Author လူမွန်