“ဒက္ခိဏ သီရိမြို့နယ်မှာ မန္တလာမင်းခရီးသည်တင်ယာဉ်နဲ့ Faw ဖောကား တိုက်မိရာ လူနှစ်ဦးသေဆုံး”

 နေပြည်တော် ဇွန် ၁၂ ရက်။ ။ ယနေ့ မနက် ၈ နာရီ အချိန်ခန့်က နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိသီရီရပ်ကွက် အတွင်းမှာ တောင်မှ မြောက်သို့ မောင်းနှင်လာတဲ့ မန္တာလာမင်း ခရီးသည်တင်ယာဉ် နဲ့ အာသာ ၀တီလမ်း အတိုင်းအနောက်မှ အရှေ့သို့ မောင်းနှင်လာတဲ့ဆောက်လုပ်ရေးလုပ်သားတွေစီးနင်းလာတဲ့ ဖောကား( အပြာရောင်) တို့ ထိပ်တိုက် တိုက်မိရာ အခင်းဖြစ်ပွားသည့် နေရာမှာ လူနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖောကား (အပြာရောင်) ပေါ်တွင် ရွှေခဲအင်းအုပ်စု၊ သီရိမင်္ဂလာ ကျေးရွာမှ ပန်းရံလုပ်ကိုင်သူ အလုပ်သမား ( ၃၀) ဦးခန့်မှာ ဒက္ခိဏသီရိ ရပ်ကွက်၊ အမျိုးသမီးရေးရာနောက်ကျောလမ်းတွင် ကျောက်လောင်းရန် ဖောကားဖြင့် လာစဉ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာမှာ ကျား ၁ ဦးနဲ့ မ ၁ ဦး စုစုပေါင်း နှစ်ဦးသေဆုံးခဲ့ပြီး ကျန်တဲ့သူများက ဒဏ်ရာများ ရရှိသဖြင့် လယ်ဝေး ကုတင် (၁၀၀) ဆေးရုံ နဲ့နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံမှာ ဆေးကုသမှု ခံယူလျှက် ရှိတယ်လို့လည်း သိရပါတယ်။ ဖြစ်စဉ် အသေးစိတ်များကို ဒက္ခိဏ သီရိ ရဲစခန်းမှ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဒက္ခိဏသီရိ မြို့ မရဲစခန်းမှ သိရပါတယ်။

Author မိုးမိုး