The Kumudra Journal

ကိုးတန်းကျောင်းသူကို နှစ်ရက်ပေါင်းပြီး စွန့်ပစ်မှု     မိမိမှာတာဝန်ရှိကြောင်း စွဲချက်တင်တရားခံက ထွက်ဆို

 

ရန်ကုန်၊ နိုဝင်ဘာ ၂၃ –   အွန်လိုင်းမှာတွေ့ပြီးချစ်ကြိုက်ခဲ့တဲ့ ကိုးတန်းကျောင်းသူကို     နှစ်ရက်ကြာအတူနေပြီး အင်းလျားကန်ဘောင်မှာထားခဲ့မှုနဲ့ စွဲချက်တင်ခံရသူကို ဥပ ဒေအရာရှိက ပြန်လှန်စစ်မေးရာ ယခုအမှုနဲ့ပတ်သက်ပြီး မိမိမှာတာဝန်ရှိကြောင်း ထွက်ဆိုပါတယ်။

စွဲချက်တင်တရားခံကျမ်းကျိန်ထွက်ဆိုတာကတော့ ယခုကိစ္စမိမိမရိုးသားလို့ နှစ်ဖက် မိဘကို အကြောင်းမကြားတာဆို မဟုတ်ကြောင်း၊ မိမိကမှတ်ပုံတင်မပါတဲ့ မ…….ကို ဦးဆောင်ကာ တည်းခိုခန်းမှာသွားအိပ်တယ်ဆိုက နှစ်ယောက်သဘောတူလို့သွားခြင်း ဖြစ်ကြောင်း၊ ကာမရယူတာလဲနှစ်ဦးသဘောတူဖြစ်တယ်ဆိုက မဖြစ်ခဲ့ကြောင်း၊   မ…….ရုံးရှေ့ထွက်ဆိုစဉ်က ကာမရယူတယ်လို့ထွက်ဆိုထားတာကြားသိတယ်ဆိုက မှန်ကြောင်း၊ အမှန်တကယ်ကာမရယူခြင်းမရှိကြောင်းထွက်ဆိုတယ်။

နှစ်ရက်နေပြီးနောက် မ……..ကို အသက်မပြည့်သေးဘူး၊ ငယ်သေးတယ်၊ ကျောင်းစာပြန် လုပ်ဟုပြောဆိုခဲ့သည်ဆိုက ဒုတိယညမှာကတည်းကပြောကြောင်း၊ မ……….အသက်ကို     ပထမကတည်းကသိပြီး အသက်မသိဆိုပြီး တလွဲပြောဆိုခြင်းဖြစ်တယ်ဆိုက ၁၉ နှစ်လို့ ပြောပြသိရကြောင်း၊ မ……..မိဘများမသိဘဲ မိမိတို့ချင်းချိတ်ဆက်ကာလျှောက်လည်ခဲ့ တယ်ဆိုက မှန်ကြောင်း၊ မ………အိမ်မပြန်ခြင်းဟာလည်း မိမိကခေါ်ထားလို့ဆိုက အိမ်ပြန်ရန် ပထမနေ့ကတည်းက ပြောကြောင်း၊ ပထမနေ့က မ………မိဘများကို   ဆက်သွယ်မပြောခဲ့ဆိုက ဘာလုပ်ရမှန်းမသိသေးလို့ဖြစ်ကြောင်းထွက်ဆိုတယ်။

မ…….လက်စွပ်ယူပြီးပေါင်သုံးခဲ့ကြတယ်ဆိုက နှစ်ဦးသဘောတူဖြစ်ကြောင်း၊ ယခုအမှု ကိုမိမိတို့နှစ်ဦးသဘောတူအားလုံးဖြစ်ပျက်ခဲ့တယ်ဆိုက မှန်ကြောင်း၊ မိမိကိုယ်တိုင်   မ…….. နဲ့ညအိပ်ခဲ့တဲ့အင်္ကျီကို အပ်ပေးခဲ့တယ်ဆိုက မှန်ကြောင်း၊ မိမိက မ………ထက် အသက်ကြီးလို့ ဦးဆောင်ခဲ့တယ်ဆိုက အိမ်မပြန်ရဲဘူးဆိုလို့ မိမိကသူ့သဘောအတိုင်း   လိုက်လုပ်ခဲ့တာဖြစ်ကြောင်း၊ မိမိက ၁၀ တန်းကျောင်းသားဖြစ်ပြီး မ……က ကိုးတန်း ကျောင်းသူဖြစ်တယ် ဆိုကမှန်ကြောင်း၊ တည်းခိုခန်းကို ဘယ်နှခါရောက်ဖူးသလဲဆိုက     မ……….နဲ့ ပထမဦးဆုံးသွားခြင်းဖြစ်ကြောင်းထွက်ဆိုတယ်။

မ………အသက်ငယ်သူဖြစ်ပြီး မိဘအုပ်ထိန်းသူအောက်ရှိနေလို့ မိမိခေါ်သွားတာကြောင့်   ယခုကဲ့သို့ ဖြေရှင်းနေရတယ်ဆိုကမှန်ကြောင်း၊ မ……..၁၉ နှစ်လို့ပြောကြောင်း၊     ယခုအမှုနဲ့ပတ်သက်လို့ မိမိမှာတာဝန်ရှိတယ်ဆိုက မှန်ကြောင်းထွက်ဆိုပါတယ်။မွန်းလွဲ ၁း၃၀ နာရီမှာ အမှုစစ်ဆေးတာပြီးဆုံးခဲ့ပြီး လာမယ့်ရုံးချိန်းမှာ တရားခံပြသက်သေများကို     ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ အနောက်ပိုင်းခရိုင်တရားရုံး ပြစ်မှုကြီးအမှုအမှတ်   ၇၉/၂၀၁၆၊ တွဲဖက်ခရိုင် တရားသူကြီး( ၄ ) တရားခွင်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ဘုရင့်နောင်နယ်မြေရဲစခန်းက အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Author – ကိုရွှေဇင်၊ လူမွန်