The Kumudra Journal

နှစ်သစ်ကူးအကြို ပွဲတော်များ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ - ရန်ကုန်မြို့မှာ နှစ်သစ်ကူးအကြိုပွဲတော်အတွက် countdown လုပ်မယ့်အစီအစဉ်တွေရှိပါတယ်။

နှစ်သစ်ကူးအကြိုပွဲတော် (freeshow countdown)

နိုင်ငံကျော်ရော့ခ်ဂီတ band ဖြစ်တဲ့ အိုင်းရင်းခရော့စ် (Iron  Cross) က ပြည်သူ့ ဥယျာဉ် မှာပြုလုပ်မှာဖြစ်ပါတယ်။ဝင်ကြေးအခမဲ့ပါ။ တခြားနာမည်ကြီး အဆိုတော်တွေပါ ပါဝင်ဖျော်ဖြေ မယ့် မြန်မာ countdown happy new year 2017 ပွဲကို ပြည်သူ့ရင်ပြင်မှာ ညနေ ၉း ၃၀ နာရီ မှာ စတင်ဖျော်ဖြေမှာဖြစ်တယ်။

ဝင်ကြေးကတော့ အခမဲ့ဖြစ်ပြီး နေရာကတော့ မိုင်ဒါကွင်းမှာ ကျင်းပမှာပါ။။ ပွဲမှာဆိုရင် နာမည်ကြီးရော့ခ် band တွေ ဖြစ်ကြတဲ့ big bag, idiots, reason အ ပြင် ဝေလ၊ အားတီ၊ X-box ၊ အောင်ထက်၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ ဝိုင်းလေး၊ ပိုင်မင်းဟိန်း (အိပ်မက်ဆုံရာ)၊ ထွန်းနောင်ဆင့် (X-factor) တို့လည်း ပါဝင်ဖျော်ဖြေမှာဖြစ်တယ်။

မျက်နှာဖုံးပါတီ (mask party)

နှစ်သစ်ကူးအကြိုပွဲတော်အတွက် ဘိုဘိုအင်န်တာတိန်းမန့်က ဦးစီးကျင်းပတဲ့ မျက်နှာဖုံးပါတီ (mask party) ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆းဝ၀ နာရီမှာ ပြု လုပ်ကျင်းပမှာဖြစ်ပါတယ်။ လက် မှတ်ကတော့ ကျပ် ၉၀ဝ၀ ဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့စတိုင်တွေနဲ့ တင်ဆက်မှာဖြစ်တယ်လို့ သိရပါ တယ်။ နေရာကတော့ ရန်ကုန်မြို့ ရှိ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

သည်ပွဲမှာဆိုရင် နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ snare (နေဝင်းနဲ့ဖြိုးလေး)၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ ရွှေ ထူး၊ X- box ၊ ဖြိုးပြည့်စုံ၊ ထက်ယံ၊ LiL’Z, G-fatt ၊ မိစန္ဒီ၊ Bobby soxer, Amera Hpone တို့ ပါဝင် ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ် ပါ တယ်။

ဒါ့အပြင် ဒီဂျေသမားတွေ ဖြစ်တဲ့ DJ Wine, kendrick, Leo, MInvander တို့နဲ့အတူ ဒီဂျေပါတီ ပါ ဖျော်ဖြေတင်ဆက်မှာဖြစ်တယ် လို့ သိရပါတယ်။ လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ City mart, Genius, OMG, Orange, Nob-ody, Run YGN တို့မှာ ဝယ်ယူနိုင်ပါတယ်။

The public festival 2017 (free show)
Nine planets entertainmen က စီစဉ်မယ့် The public festival 2017 ကို ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လယ် ၁းဝ၀ နာရီကနေ စတင်မှာဖြစ်ပါတယ်။ အမ်ပီတီက စပွန်ဆာပေးတဲ့နှစ်သစ်ကူးအကြို ဖျော်ဖြေပွဲဖြစ်ပါတယ်။ ဝင်ကြေး ကတော့ အခမဲ့ဖြစ်ပြီး ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ သည် အစီအစဉ်မှာဆိုရင် နာမည်ကျော် ရော့ခ်ဂီတ band တွေဖြစ်တဲ့ Idiots (Guest) Guest Bands, Wanted, Drive အပြင် အခြားနာမည်ကြီး band တွေပါ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

သည်ပွဲမှာ ရော့ခ်ဂီတအပြင် နာမည်ကြီးဒီဂျေသမားတွေလည်း ဝင်ရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီဂျေသော်သော်၊ ဒီဂျေလီယိုအ ပြင် တခြား R&B, POP အဆိုတော်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

နောက်ပြီး မြန်မာ့ရိုးရာအကတွေဖြစ်တဲ့ ဦးရွှေမိုးနဲ့ ဒေါ်မိုးအက ပါ ဖျော်ဖြေတင်ဆက်မှာဖြစ် ကြောင်း သိရပါတယ်။

နောက်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာပဲ ကမာကြည်တံတားအ ဆင်းက One entertainment ကွင်းထဲမှာလည်း ကမ္ဘာ့နံပါတ်တစ် ဒီဂျေသမားဖြစ်တဲ့ martin garrix ပါဝင်တီးခတ်မယ့် AVA new year festival ပွဲမှာလည်း EDM Music တွေနဲ့ countdown လုပ်ပြီး နှစ်သစ်ကို ကြိုဆို ကြမှာဖြစ်ပါတယ်။

လက်မှတ်က ကျပ် ၄၀,ဝ၀ဝ သတ်မှတ်ထားတာဖြစ်ပေမဲ့ ပွဲနေ့မှာ ဝယ်ယူမယ်ဆိုရင်တော့ ကျပ် ၅၅,ဝ၀ဝ ကျသင့်မှာ ဖြစ်ပါ တယ်။ Martin garrix အပြင် တခြား ပြည်တွင်းဒီဂျေသမား တွေပါ ပါဝင်ဖျော်ဖြေမှာဖြစ်တယ် လို့ သိရပါ တယ်။

Author  မေဘယ်လ်