The Kumudra Journal

အစိုးရရုံးစိုက်ရာမြို့ကို ပြည်သူအားလုံးနဲ့ဆိုင်တဲ့မြို့  ဖြစ်အောင် လုပ်မည်

နေပြည်တော်ဟာ အစိုးရရုံးတွေ အခြေစိုက်ရာမြို့ဖြစ်တာကြောင့် ပြည်သူတွေနဲ့ မသက်ဆိုင်သလို သီးသန့်တည်ရှိနေတာမျိုး မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။

 

နေပြည်တော်၊ ဇန်နဝါရီ ၄ - နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းဆည်းမှုကြောင့် အိုး အိမ်စီးပွားပျက်စီးပြီး စိတ်ဒဏ်ရာ ခံစားနေရတဲ့ ပြည်သူတွေရဲ့ အကြွေးကို ၂၀၁၇ နှစ်သစ်ကစပြီး ကုစားပေးဖို့ နေပြည်တော်စည်ပင် က ကြိုးပမ်းတော့မှာဖြစ်ပါတယ်။

နေပြည်တော်စည်ပင်သာယာ ရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ က ‘နေပြည်တော်တည်ဆောက် ရေးအတွက် ပြည်သူတွေရဲ့မြေကွက်တွေကို အသုံးပြုခဲ့တာတွေရှိတယ်၊ ပြည်သူတွေနာကြည်းမှုအတွက်၊ ပြည်သူတွေရဲ့ဘဝ ပြန်လည်တည်ထောင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်နဲ့ သမိုင်းကြွေးကို ဆပ်သွားမှာပါ”လို့ ပြောပါတယ်။

နေပြည်တော်ဟာ အစိုးရရုံးတွေ အခြေစိုက်ရာမြို့ဖြစ်တာကြောင့် ပြည်သူတွေနဲ့မသက်ဆိုင် သလို သီးသန့်တည်ရှိနေတာမျိုး မဖြစ်စေလိုဘဲ လယ်ယာသိမ်းခံ ပြည်သူတွေနဲ့ပါ သက်ဆိုင်လာတဲ့ မြို့ဖြစ်လာအောင် ပြောင်းလဲမှု တွေ စတင်မှာဖြစ်တယ်။

နေပြည်တော် တည်ဆောက်ဖို့ သိမ်းဆည်းမြေ ဧကပေါင်း ၈၀,ဝ၀ဝ ကျော်ရှိတယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီကို တိုင်တန်းလာတဲ့ စာရင်း ဇယားအရ သိရပါတယ်။
၂၀ဝ၉ ခုနှစ်မှစပြီး လယ်ယာမြေတွေကို စတင်သိမ်းဆည်းခဲ့ တာဖြစ်တယ်။ တောင်သူအများစုမှာ အလုပ်လက်မဲ့ဖြစ်ပြီး  အဆောက်အအုံလုပ်ငန်းတွေ၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းတွေမှာ နေ့စားကျပန်းလုပ်ပြီး မိ သားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ကြရတာဖြစ်တယ်။

‘ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စားလာတဲ့ လယ် ငါးဧကကို ၂၀ဝ၉ ခုနှစ်ကတည်းက သိမ်းသွားပါတယ်၊ အလုပ်လက်မဲ့ဖြစ်ခဲ့ ပြီး စားဝတ်နေရေး ကယောက်ကယက် ဖြစ်လာခဲ့ပြီး မိသားစုမပြိုလဲ အောင် မနည်းရုန်းကန်ခဲ့ရပါ တယ်၊ အစိုးရသစ်တက်လာတော့ ဘာများလုပ်ပေးမလဲဆိုပြီး ကျွန်တော်တို့တောင်သူတွေ မျှော်လင့် နေကြ တယ်၊ ဖြစ်နိုင်ရင်တော့ ကိုယ့် လယ်ကို ပြန်ရချင်ပါတယ်” လို့ နေ ပြည်တော်ဒက္ခိဏသီရိမြို့ နယ်က လယ်သိမ်းခံတောင်သူတစ်ဦးဖြစ်တဲ့ ဦးမင်းဇော်က ပြောပါတယ်။

နိုင်ငံတော်ပြုပြင်ပြောင်းလဲဖို့ ကို တကယ်လိုအပ်နေတဲ့နေရာမျိုး မှာ ဘတ်ဂျက်ငွေအလုံအလောက် နဲ့ ကျစ်ကျစ်လျစ်လျစ် အသုံးပြုမှာ ဖြစ်ပြီး မလိုအပ်တဲ့နေရာမှာ လုံးဝ အသုံးပြုမှာမဟုတ်ဘူးလို့ ဦးမင်းသူက ပြောပါတယ်။

မျှော်လင့်နေကြ
အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ နေပြည်တော်မှာ အစိုးရတက္ကသိုလ်ဖွင့်လှစ်ပေးရေး ဒေသခံတွေက တောင်းဆိုတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက နေပြည်တော်ကောင်စီကို တင်ပြခဲ့ ပေမဲ့ အဖြေကိုတော့ မသိရသေးပါ ဘူး။ ဒေသခံတွေက အလုပ်အကိုင်အခွင့်အလမ်းတွေရရှိမယ့်စီမံ ကိန်းတွေကိုလည်း လိုလားနေကြ ပါတယ်။ လက်ရှိမှာက မြို့သစ်ဖြစ်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကိုသာ လုပ်သားတွေ မှီခိုနေရ ပါတယ်။ ဒေသခံတွေလိုချင်တာက ပညာတတ်လူငယ်တွေအတွက် အခွင့်အလမ်းပါဝင်တဲ့လူထု လူတန်းစားမရွေး အလုပ်ရမယ့် ရေ ရှည်ဖွံ့ဖြိုးတိုးတက်မှုပါ။ ဒါကြောင့် သည်ကာလက နေပြည်တော်မှာ ဖော်ဆောင်မယ့်လုပ်ငန်းတွေကို ဒေသခံတွေက မျှော်လင့်ချက်အ ပြည့်ရှိ နေကြပါတယ်။

နေပြည်တော်မှာ လတ်တ လော သိသိသာသာ အကောင်အ ထည်ဖော်နေတာကတော့ တန်ဖိုး နည်းအိမ်ရာတွေပါ။ ပြီးခဲ့တဲ့လထဲ မှာ ရှေ့ပြေးစီမံချက်ဖြစ်တဲ့ ရွှေနံ့ သာ တန်ဖိုးနည်း အိမ်ရာကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ သည်နှစ်ထဲမှာလည်း ရန်အောင် မြင် ကြိုးဝိုင်းရှိ မြေဧက ၁၀ဝ မှာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို တည်ဆောက်ဖို့ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

နေပြည်တော်က အစိုးရရုံး စိုက်ရာမြို့ဖြစ်တဲ့အတွက် လူနေကျဲပါး ပါတယ်။ လူမနေတဲ့အဆင့် မြင့်အ ဆောက်အအုံတွေကလည်း မြို့နယ် ရှစ်မြို့နယ်လုံးမှာ အများအပြားရှိနေတာပါ။ သည်လိုအခြေ အ နေနဲ့နေရာမှာ အိမ်ရာစီမံကိန်း တွေ ထပ်အကောင်အထည်ဖော်မယ့်အစား အလုပ်အကိုင်ရရှိမယ့် စီမံ ကိန်းတေ∑ကို အကောင်အ ထည်ဖော်ပေးမှသာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်မယ်လို့ ဒေသခံ တွေက ဝေဖန်ပါတယ်။

အင်န်အယ်လ်ဒီအစိုးရ အာဏာရပြီး လေးလလောက်အကြာ မှာ တော့ နေပြည်တော်ရဲ့အချက် အ ချာကျ နေရာတွေမှာ ရုံးခန်းဖွင့်လှစ်မှုတွေ များလာတာနဲ့အတူ ဒေသခံလူငယ်တွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အထိုက် အလျောက် ပွင့်လင်းလာခဲ့ပါတယ်။ ဒေသခံတွေရဲ့အလုပ်လို အပ်ချက်နဲ့ ယှU်ရင်တော့ အင်မ တန်နည်းပါသေးတယ်။ ရုံးခွဲလာဖွင့်သူတွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေ တစ်ခါတည်းပါလာပြီး မခန့် မဖြစ် တာဝန်နေရာတွေမှာသာ ဒေသခံတွေကို အနည်းအကျဉ်း ခန့်အပ်ကြတာကြောင့်ပါ။

လယ်ယာမြေနဲ့ပတ်သက်ရင် လည်း သီးနှံလျော်ကြေးမရတာ၊ အစားထိုးမြေယာမရတာ၊ လျော် ကြေး နည်းပါးတာစတဲ့ နစ်နာမှုတွေအတွက် နေပြည်တော် စည်ပင်က ဆောင်ရွက်နေပါတယ်။

စိတ်မရှည်ကြ

နေပြည်တော်စည်ပင်က လုပ် ခိုင်းတဲ့အတိုင်း လုပ်ဆောင်ပေမဲ့ လျော်ကြေးပြန်လည်ရရှိရေး ဆုံး ဖြတ်ချက်တွေ ကြာနေတာကိုတော့ တောင်သူတေ∑က စိတ်မရှည်ကြ တော့ပါဘူး။ ဒါပေမဲ့ သည်လိုဖြစ်ရတာက ခေတ်အဆက်ဆက်က မြေယာအရှုပ်အရှင်းတွေကြောင့် ဘယ်သူမှ နစ်နာမှုမရှိရအောင် သေချာစိစစ်နေရတာဖြစ်လို့ နားလည်ပေးဖို့ကိုလည်း လယ်ဝေးမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ကိုမျိုးဇော်ဦးက ရှင်းပြပါတယ်။

နေပြည်တော်စည်ပင်ရဲ့ ၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ပထမခြောက်လပတ် အသုံးစရိတ်တွေက ကျပ် ၁၆့၇၈၉ ဘီလျံဖြစ်ပါ တယ်။ တစ်နှစ်လုံး အသုံးစရိတ် ရည်မှန်းချက်ကတော့ ကျပ် ၃၉.၄၂၄ ဘီလျံဖြစ်ပါတယ်။ နေ ပြည်တော်ကောင်စီကတော့ ပထမ ခြောက်လပတ်အသုံးစရိတ်က ကျပ် ဝ.၇၇၂ ဘီလျံဖြစ်ပြီး တစ်နှစ်လုံး အသုံးစရိတ်လျာထားချက် ကတော့ ကျပ် ၁၀့၂၃၀ ဘီလျံဖြစ် တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ပထမခြောက်လ ပတ် ဘဏ္ဍာရေး အရအသုံးဆိုင်ရာ အစီရင်ခံစာအရ သိရပါတယ်။

နေပြည်တော်စည်ပင်နဲ့ နေပြည်တော်ကောင်စီရဲ့ရငွေကို ပြန်လည်စိစစ်တဲ့အခါ ပြီးခဲ့တဲ့နှစ်နှစ် ထက် လျော့နည်းခဲ့ပါတယ်။ ဒါ ကြောင့် ပကတိအခြေအနေမှန်ကို ပြန်လည်စိစစ်ပြီး ရငွေတိုးတက် ရေး ကြိုးပမ်းသင့်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီက အကြံပြု ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သည်နှစ်ရဲ့ဦးစားပေးလုပ်ငန်းတွေမှာ လူထုဘဝတိုးတက်ရေး ပါဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ နှစ်သစ်မိန့်ခွန်းထဲမှာလည်း တိုင်းပြည်အတွက် ချမှတ်ထားတဲ့မူဝါဒ လေးရပ်ထဲမှာ ပြည်သူတို့ရဲ့လူနေ မှုဘဝများ တိုးတက်မြင့်မားဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မယ်လို့ ပါဝင်ပါတယ်။

အစိုးရဆိုတာ ပြည်သူက ကြောက်နေရမယ့် ကြောက်စရာ ကောင်းတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်တော့ဘဲ ပြည်သူတွေရဲ့အခက်အခဲကို ပြေလည်စွာ ဖြေရှင်းပေးပြီး တိုင်းပြည်ရဲ့အခြေအနေ တိုးတက်ပြောင်းလဲဖို့ လုပ်ဆောင် မယ်လို့ ဆိုပါတယ်။

Author ချိုဇင်မာဝင့်၊ မိုးမိုး