လသားအရွယ်​က​လေးကိုချီပြီး အမျိုးသမီးတစ်​ဦး မန္တ​လေးကျုံး​ရေအတွင်း​ခုန်ချခဲ့

မန္တလေး ဧပြီ၂၁
လသားအရွယ်​က​လေးကိုချီပြီး အမျိုးသမီးတစ်​ဦး မန္တ​လေးကျုံး​ရေအတွင်း​ခုန်ချခဲ့တယ်​လို့ မန္တ​လေးဗဟိုမီးသတ်​စခန်းက သိရပါတယ်​။
မန္တလေး လမ်း ၈၀ ၊၁၃ လမ်းနဲ့ ၁၄ လမ်းကြားက ကျုံး​ရေထဲ့ လူနှစ်ဦးခုန်ချကြောင်းသတင်းအရ မန္တလေးဗဟိုမီးသတ်စခန်းက ​ကယ်​ဆယ်​​ရေး​ဆောင်​ရွက်​​နေတယ်​လို့သိရပါတယ်​။
လသားအရွယ်​​သေဆုံး​နေတဲ့က​လေးငယ်​ကို​တော့ ဆယ်​ယူထားပြီး ​အမျိုးသမီးကို​တော့ရှာ​ဖွေမှု​တွေဆက်​လက်​​ဆောင်​ရွက်​​နေပါတယ်​ ။

author အိမို့ မို့ ခိုင်
photo than htay