ရန်ကုန်တိုင်းအတွင်း လာမယ့်ဘဏ္ဍာရေးနှစ်ကစပြီး လမ်းအသုံးပြုခတွေမကောက်တော့

လာမယ့်နှစ် ၂၀၁၈ – ၂၀၁၉ ဘတ်ဂျက်မှာ လမ်းအသုံးပြုခတွေ ကောက်ခံတော့မှာ မဟုတ်ပါဘူး။

ရန်ကုန်၊ ဇွန် ၁၈ – ရန်ကုန်တိုင်းဒေသကြီးအတွင်း လာမယ့် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် ကစပြီး လမ်းအသုံးပြုခတွေမကောက်ခံတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက် မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းသတင်းစာရှင်း လင်းပွဲမှာ ပြောတာပါ။ဝန်ကြီး ဒေါ်နီလာကျော်က ဧပြီ ၁ ရက်ကစပြီး တံတားဖြတ်သန်းခမကောက်ခံတော့ဘူး၊ လာမယ့်နှစ် ၂၀၁၈ – ၂၀၁၉ ဘတ်ဂျက်မှာ လမ်းအသုံးပြုခတွေကောက်ခံတော့မှာ မဟုတ်ပါဘူး လို့ ပြောပါတယ်။

တန်ပိုမဖြတ်စေချင်လို့ တံတားအသုံးပြုခတွေကို မကောက်ခံတော့တာဖြစ်ပါတယ်။ တန်ပိုရင် ပိုတဲ့တန်ကို ချထားရမှာ။ ဒါပေမဲ့ တံတားတွေပေါ်မှာ ဖြတ်သန်းခကောက်တာကိုတင်ဒါပေးလိုက်တဲ့အတွက် ပုဂ္ဂလိကတင်ဒါဆွဲတဲ့ သူတွေက သည်တန်ပိုတာကို ဒဏ်ကြေးနဲ့ခွင့်ပြုတာကြောင့် တံတားတွေမှာထိခိုက်မှုများဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြိမ်ကြိမ်ဆွေးနွေးပြီး တံတားဖြတ် သန်းခတွေကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေစပြီး မကောက်ခံတော့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက တံတားကြီးကိုးစင်းကို ဧပြီလ ၁ ရက်နေ့ကစပြီး တံတားဖြတ်သန်းခ မကောက်ခံတော့ပေမဲ့ ကုန်သေတ္တာယာဉ်တွေကိုတော့ အာဆီယံစံချိန်စံညွှန်းဝန်ရိုးနဲ့ကိုက်ညီ တဲ့ယာဉ်တွေကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက အသိပေးထားပါတယ်။

ဦးဖြိုးမင်းသိန်းက ဒီတံတားတွေက အာဆီယံဝန်ရိုးနဲ့မကိုက်ညီတဲ့ ကုန်ပိုတွေတင်မယ်ဆိုရင် ခိုင်ခံ့မှုဟာ အများပြည်သူအတွက် အလွန်အန္တရာယ်ရှိပါတယ်၊ ငွေကြေးကောက်ခံနေမှုကိုဖြုတ် လိုက်တဲ့အထဲမှာ တန်ပိုကိုကောက် တယ်ဆိုတဲ့ကိစ္စကြောင့်ကျွန်တော်တို့ဖြုတ်လိုက်တာဖြစ်ပါတယ်၊ တန်ပိုကိုငွေကိုပိုမလိုချင်ဘူး၊ တန်ပိုလဲမလိုချင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တန်ပိုကတံတားကို တူနဲ့ထူသလို ဖြိုချနေပါတယ် ပြီးခဲ့တဲ့ ဧပြီလက ပြောကြားခဲ့ပါတယ်။
အာဆီယံစံချိန်စံညွှန်းနဲ့မကိုက်ညီဘဲတန်ပိုတင်တဲ့ ကုန်တင်ယာဉ်တွေကြောင့် ကုလားဝဲတံတား တစ်ဖက်နိမ့်ကျသွားခဲ့တာကြောင့် တံတားဖြတ်သန်းခကို တန်ပိုယာဉ်တွေကို အခကြေးငွေပိုယူပြီး ဖြတ်သန်းတွေကို စတင်ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနများက ယာဉ်ဖြတ် သန်းခမကောက်ခံတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေစပြီး တံတားဖြတ်သန်းခကောက်ခံခြင်းမပြုဘဲ မော်တော်ယာဉ် အားလုံးအခမဲ့ ဖြတ်သန်းခွင့်ပြုတဲ့ တံတားကိုးစင်းက ရန်ကုန် – သန်လျင် အမှတ် (၁) တံတား၊ ရန်ကုန် – သန်လျင်အမှတ်(၂) တံတား(ကုလားဝဲ)၊ဘုရင့်နောင်တံတား အမှတ်(၁)၊ ဘုရင့်နောင် တံတားအမှတ် (၂)၊ အောင်ဇေယျကြိုးတံတား၊ ရွှေပြည်သာတံတား၊ ပန်းလှိုင်တံတား၊ တွံတေးတံတား၊ မဟာဗန္ဓုလတံတားတို့ ဖြစ်ပါတယ်။

Author – ပို့ပို့မြင့်မွန်