မီးလောင်ရာကအမျိုးသမီးတစ်ဦးသေဆုံး

မီးလောင်ရာကအမျိုးသမီးတစ်ဦးသေဆုံး

မန္တ​လေး-ဇန်​နဝါရီ ၁၁
ပုသိမ်​ကြီးမြို့နယ်​၊ ​ရေထွက်​​ကျေးရွာမှာ သည်​က​နေ့ ​နေ့လယ်​ ၁ နာရီ ၂၀ ခန့်​ မီး​လောင်​ကျွမ်းမှု​ကြောင့်​ အမျိုးသမီးတစ်​ဦး​သေဆုံးမှု ဖြစ်​ပွားခဲ့တယ်​လို့ မန္တ​လေးခရိုင်​​မီးသတ်​ဦးစီးဌာန ကသိရပါတယ်​။
ခြင်​​ဆေး​ခွေထွန်းထားရာက ​မွေ့ယာ​ပေါ်မီးဖွားကျပြီး မီး​လောင်​ကျွမ်းခဲ့တယ်​လို့သိရပါတယ်​။
မီး​လောင်​မှု​ကြောင့်​​ငွေက်ျပ်​ ၁၂ သိန်းခန့်​ ဆုံးရှုံးခဲ့ပြီး အသက်​ ၂၉ နှစ်​အရွယ်​ အမျိုးသမီးတစ်​ဦးပါ မီး​လောင်​​သေဆုံး ခဲ့တာဖြစ်​ပါတယ်​။

author အိမို့မို့ခိုင်