The Kumudra Journal

ဘတ်စ်ကားစီးပြီးလမ်းပျောက်တဲ့အခါ ၁၈၈၁ လိုင်းခွဲ နံပါတ်၂ ကိုခေါ်ပါ ဇန်နဝါရီ ၁၁ ရန်ကုန်။ ။

ဘတ်စ်ကားစီးပြီးလမ်းပျောက်တဲ့အခါ ၁၈၈၁ လိုင်းခွဲ နံပါတ်၂ ကိုခေါ်ပါ
ဇန်နဝါရီ ၁၁ ရန်ကုန်။ ။

အသစ်ပြေးဆွဲမယ့် ဘတ်စ်ကားတွေစီးရင် လမ်းပျောက်ပါက အရေးပေါ် Hot Line နံပါတ် ၁၈၈၁ လိုင်းခွဲနံပါတ် ၂ ကိုခေါ်ဆိုနိုင်မှာဖြစ် တယ်လို့သိရပါတယ်။

ခရီးသည်များ၊တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းစီးရသူများ မှတ်တိုင်မသိတာတွေ၊ကားပြောင်းစီးရမှာတွေ၊ ဘယ်အရောင်စီးရင်ဘယ်ရောက်မယ်ဆိုတာတွေ၊လမ်းခရီးမှာ လမ်းပျောက်တာမျိုးတွေကြုံတွေ့ရတဲ့ အခါ အဆိုပါ Hot Line နံပါတ် ၁၈၈၁ က ပြန်လည်ဖြေဆိုကာ လမ်းညွှန်ပေးမယ်လို့သိရပါတယ်။

အဆိုပါ Hot line နံပါတ်ကို လာမယ့် ၁၆ ရက်နေ့ကစပြီး စတင်ခေါ်ဆိုနိုင်ပြီလို့ သိရပါတယ်။

ဝင်းနန္ဒာ