The Kumudra Journal

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မကွေး-ကံပြားလမ်းမှာဝါးကားတိမ်းမှောက်ရာ လူ၁၃ ဦးသေဆုံး

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မကွေး-ကံပြားလမ်းမှာဝါးကားတိမ်းမှောက်ရာ လူ၁၃ ဦးသေဆုံး

နေပြည်တော် ၊ဇန်န၀ါရီ၁၀ ။ ။
ဇန်နဝါရီ ၉ရက် ညနေ၅နာရီ အချိန်ခန့်က နေပြည်တော်ဥတ္တရသီရိမြို့နယ် မကွေး- ကံပြား တောင်ညိုလမ်း ၉မိုင် ၅ဖာလုံတွင် ဝါးများတင်ဆောင်လာတဲ့ယာဉ်တစ်စီးပေါ်တွင်
ခရီးကြုံလိုက်စီးလာတဲ့ ယာဉ်တိမ်းမှောက်ခဲ့ရာမှာ လူ ၁၃ ဦးသေဆုံးခဲ့တယ်လို့ နေပြည်တော် ယာဉ်မှုစစ်ရုံးမှ သိရပါတယ်။
, အခုကြေးနန်းအရတော့ ၁၃ ဦးသေစာရင်းတက်လာပီ၊ ဒဏ်ရာ ရတဲ့ခရီးသည် တွေကုတင်၁၀၀၀မှာ ဆေးကုသမှုခံယူနေတယ်၊ဘယ်လိုမှောက်တယ်ဆိုတာတော့ စစ်ဆေးဆဲဖြစ်ပါတယ်,
လို့ နေပြည်တော်ယာဉ်မှုစစ်ရုံးမှ သိရပါတယ်။

author မိုးမိုး