The Kumudra Journal

တရုတ်စစ်သားရဲ့မောင်းထုတ်ခံရတဲ့စစ်ဘေးရှောင်တွေကိုကူညီဖို့ ပြည်နယ်အစိုးရထံတင်ပြမည်

တရုတ်စစ်သားရဲ့မောင်းထုတ်ခံရတဲ့စစ်ဘေးရှောင်တွေကိုကူညီဖို့ ပြည်နယ်အစိုးရထံတင်ပြမည်
၁၁၊ဇန်န၀ါရီ၊ရန်ကုန်။
တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်ရာမှာ တရုတ်စစ်သားတွေရဲ့ မောင်းထုတ်တာခံရတဲ့ ၀ိုင်းမော်မြို့ နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးဖို့  Joint Strategy Team (JST)အဖွဲ့ က ပြည်နယ်အစိုးရအဖွဲ့ ထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
” အခုအခြေအနေအရ တရုတ်ဘက်ကို ကူးရင် တရုတ်ဘက်က လက်ခံလာအောင် ပြောပေးဖို့  သက်ဆိုင်ရာကနေ လုပ်ပေးဖို့ လို အပ်နေပါတယ်။အစိုးရအဖွဲ့ ကိုလည်း ပြောနိုင်အောင် ကြိုးစားနေပါတယ်။ အစိုးရအဖွဲ့ နဲ့  ဒီတစ်ပတ်မှာ မတွေ့ ဖြစ်ရင် နောင်တစ်ပတ်လောက်မှာ တွေ့ နိုင်အောင်စီစဉ်နေပါတယ်။ ” လို့ JST (Joint Strategy Team)အဖွဲ့ ဝင် ဦးခါးလီက ပြောပါတယ်။
ဇိုင်းအောင်စစ်ဘေးရှောင်စခန်းဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိတယ်လို့သိရပါတယ်။
”Idps (စစ်ဘေးရှောင်ဒုက္ခသည်များ)တွေက တရုတ်ပြည်ဘက်ကို ကူးဖို့ ကြိုးစားနေတာ။ တရုတ်ဘက်က မောင်းထုတ်တယ်လို့ ပြောတယ်။ တချို့ တလေကတော့ တရုတ်ဘက်ကို ရောက်သွားတာလို့ ကြားရတယ်။ အဲဒီဘက်မှာက တိုက်ပွဲတွေက နေ့ တိုင်းဖြစ်နေတာ။ နောက်ပြီး ဒီလူတွေက တစ်ခေါက်ပြန်ပြီးရွေ့ ရတဲ့ လူတွေပါ။ ကျွန်တော် တို့ အ နေနဲ့ လည်း သွားလို့ ရရင် ထောက်ပံ့လို့ ရအောင်လည်း စီစဉ်နေပါတယ်။ ” လို့ ဦးခါးလီက ပြောပါတယ်။
အဲသည်စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေအနီးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးကျည်ဆံတွေ စစ်ဘေးရှောင်ဒုက္ခသည်စခန်းအနီးကို ကျရောက်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ်ကားလမ်းပေါ်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
လောလောဆယ်မှာတော့ စစ်ဘေးရှောင်သူတွေဟာ တရုတ်-မြန်မာနယ်စပ် ကားလမ်းဘေး တစ်လျှောက်မှာပဲ နေထိုင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။ ဇိုင်းအောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းက စစ်ဘေးရှောင်သူ လူဦးရေ ၂၆၉၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေးမှူး ဦးမင်းသိန်းက” အခုဖြစ်နေတဲ့ နေရာကအစိုးရထိန်းချုပ်နယ်မြေမဟုတ်တဲ့ အတွက်မသိသေးပါဘူး။ဖေ့ဘုတ်မှာတော့ သတင်းတွေကိုတွေ့ နေရပါတယ်။ ဒါပေမယ့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်တဲ့ အတွက် အကိုတို့ သွားခေါ်လို့ မရဘူးဖြစ်နေတယ်။ဒီဘက်လာမှသာ ကျွန်တော်တို့ က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနိုင်မှာ။ ” လို့ ပြောပါတယ်။
ဇိုင်းအောင်စစ်ဘေးရှောင်ဒုက္ခသည်တွေအရေးနဲ့ ပတ်သတ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက် အောင်ဆီ ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

author ချမ်းသာ