ချင်းတွင်းမြစ် ရွှေပလ္လင်ဝဲအနီးမှာ ကုန်တင်ရေယာဉ်တစ်စီးနစ်မြုပ်၊ အမျိုးသမီး ၂ ယောက်ပျောက်ဆုံးနေ

ချင်းတွင်းမြစ် ရွှေပလ္လင်ဝဲအနီးမှာ ကုန်တင်ရေယာဉ်တစ်စီးနစ်မြုပ်၊ အမျိုးသမီး ၂ ယောက်ပျောက်ဆုံးနေ

မုံရွာ-စက်တင်ဘာ-၁၀
ချင်းတွင်းမြစ်(စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်)၊ ရွှေပလ္လင်ဝဲအနီးမှာ ယနေ့နေ့ခင်း ၁၂ နာရီ ကျော်အချိန်က ကုန်တင်အမြန်ရေယာဉ်တစ်စီးနစ်မြုပ်ခဲ့ပြီး အမျိုးသမီးအလောင်းနှစ်လောင်းကို ဆယ်ယူရရှိထားတယ်လို့ သိရပါတယ်။
” မုံရွာကနေလာတဲ့ ကုန်တင်ဈေးမော်တော်ပေါ့။ ယောက်ကျားလေး (၇) ယောက်ပါတယ်လို့ပြောတယ်။ နှစ်ယောက်ကတော့ ရွာရောက်လာတယ်။ အခုအိမ်မှာ ထမင်းကျွေးနေတယ်။ တစ်ချို့လည်း အနီးနာက တစ်ခြားရွာတွေ ရောက်နေတယ်။” လို့ အမြန်ရေယာဉ်တိမ်းမှောက်မှု့ကြောင့် ရွာကိုရောက်လာတဲ့ ယောက်ကျားလေး (၂) ယောက်ကို လက်ခံထားတဲ့ ရွာသားတစ်ဦးဖြစ်သူ ဦးငြိမ်းကပြောပါတယ်။
ကုန်တင် ဖလက်ရေယာဉ်တိမ်းမှောက်ခဲ့တဲ့နေရာကတော့ ဖောင်းပြင်မြို့နယ်၊ မောက်ပလင်အုပ်စု၊ ဟဲနိမ်းကျေးရွာနဲ့ အင်းပေါက်ကျေးရွာအနီး ရွှေပလ္လင်ဝဲအနီးမှာဖြစ်ပြီး မျိုးသော်တာ ကုန်တင်ရေယာဉ်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေတယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်အတွင်းမှာ အမြန်ရေယာဉ်မတော်တဆဖြစ်စဉ်တွေ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ဟုမ္ပလင်းကနေ မုံရွာကိုထွက်လာတဲ့ လူစီးအမြန်ရေယာဉ်ဟာ မိကျောင်းတွင်းရွာအနီးမှာ နစ်မြုပ်ခဲ့ပြီး လူ ၁၀၀ ခန့်သေဆုံးခဲ့ပါတယ်။

ခေမဏီ