The Kumudra Journal

နိုင်ငံတကာမျက်နှာစာနဲ့ ပြည်တွင်း မျက်နှာစာပါ

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဂျပန်နိုင်ငံကို ငါးရက်ကြာ ခရီးသွားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်၊ ဂျပန်ဧကရာဇ်တို့ နဲ့ တွေ့ဆုံခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုရကာ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့တဲ့ ဘီလျံပေါင်းများစွာရရှိခဲ့ပါတယ်။

အမေရိကန်ကိုသွားစဉ်ကလည်း သမ္မတ အိုဘားမားနဲ့ တွေ့ခဲ့ပြီး မြန်မာနိုင်ငံကို ပိတ်ဆို့မှုများ ဖြေလျှော့ခွင့် ရရှိခဲ့တဲ့အပြင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ လာရောက် မည့်အကြောင်း ရရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံကို သွားရောက်စဉ်ကလည်း အိန္ဒိယ-မြန်မာ အကျိုးတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တာရှိသလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို သွားရောက်စဉ်ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာလည်း ကူညီဖို့ ကတိစကားရရှိခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာမျက်နှာစာမှာ တော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အောင်မြင်မှုဟာ မြန်မာ့သမိုင်း၊ မြန်မာနိုင်ငံခေါင်းဆောင်များအနက် အ ထူးခြားဆုံး၊ အအောင်မြင်ဆုံးဖြစ်တယ်လို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ပြည်တွင်းမျက်နှာစာမှာတော့ နိုင်ငံ တကာမျက်နှာစာမှာလို ခိုင်မာရေရာတဲ့ အောင်မြင်မှုမျိုး ရရှိတာမတွေ့ရသေးပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြောင်းလဲ ချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ လွှတ်တော်သုံးရပ်စလုံးမှာ အနိုင်ရရှိခဲ့တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင် စု အစိုးရ၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ များ ဖွဲ့စည်းနိုင်ခဲ့ပေမဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတွေမှာ ကိုင်တွယ်ခွင့်မရတဲ့အပြင် လွှတ်တော်ထဲမှာလည်း အရွေးခံစရာမလို တဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်း နေရာပေးထားရပါတယ်။

သည်တော့ အုပ်ချုပ်ရေးယန္တရားတွေ မှာလည်း အရင်အစိုးရရဲ့ စီမံကိန်းအလွဲ အမှားတွေကို ဖာဖို့ထေးဖို့ လုပ်နေရတာ တွေနဲ့ပဲ အချိန်ကုန်နေရပြီး အုပ်ချုပ်မှုယန္တရားမှာလည်း လူဟောင်းများရဲ့ လုပ်ဆောင်နေမှုများကို ကြည့်နေရတာမျိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရားဥပဒေစိုးမိုး မှုမှာလည်း ကာကွယ်ရေးကို ကိုင်ထားတဲ့ လူတွေရှိနေတဲ့အတွက် ထင်တိုင်းမပေါက် ဖြစ်နေရပါတယ်။

၂၁ ရာစုပင်လုံညီလာခံကြီးကိုတော့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲသည်ညီလာခံကြီးမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဘန်ကီမွန်း မိန့်ခွန်းပြောခဲ့ပြီး နိုင်ငံတစ်ဝန်းမှ လူမျိုးစုအဖွဲ့အစည်းအားလုံးရဲ့ မကျေ နပ်ချက်များ ရင်ဖွင့်သံတွေကို တစ်တိုင်း ပြည်လုံးက ရုပ်မြင်သံကြားက တစ်ဆင့် တွေ့မြင်ကြားသိလိုက်ရပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ကိစ္စတွေမှာလည်း လက်မှတ်ထိုးတဲ့အဖွဲ့တွေရှိသလို လက်မှတ်မထိုးတဲ့အဖွဲ့တွေလည်းရှိနေတဲ့ တစ်ပိုင်းတန်းလန်းကြီးကို အင်န်အယ်လ်ဒီအစိုးရ လက်ခံရရှိခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပခဲ့တာ ဖြစ်ပါ တယ်။

လက်မှတ်မထိုးရသေးတဲ့နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားသလို လက်မှတ်ထိုးပြီး ဒေသတွေမှာလည်း တိုက်ပွဲတွေက ဖြစ်နေတာတွေ့ရပြီး စစ်ရှောင်ဒုက္ခသည်တွေ သောင်းနဲ့ချီပြီးဒုက္ခသည်စခန်းတွေကို ရောက်ရှိလာစေပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေ များလာတဲ့ အချိန်မှာ ပြည်တွင်းကုန်ဈေးနှုန်းကလည်း တစ်ရှိန်ထိုးမြင့်တက်နေတာကို တွေ့ရပါတယ်။ ဒေါ်လာဈေးက မကြုံစဖူးတက်ပြီး မြန်မာငွေဈေး တအိအိကျနေပါတယ်။ ဒေါ်လာဈေးမြင့် မြန်မာငေ∑ဈေးက နိမ့်ကျနေလို့ နိုင်ငံရပ် ခြား ရင်းနှီးမြှုပ်နှံမှု တွေဝင်လာဖို့ အခွင့်အလမ်းတွေ တိုးမြင့်လာပေမဲ့ စည်းစနစ်ကျတဲ့ ဥပဒေတွေက မရေးဆွဲနိုင်သေးဘူး ဖြစ်နေပါတယ်။

ဒေါ်လာဈေးတက်လို့ စက်သုံးဆီဈေး က အမှန်တော့ မတက်သင့်၊ မတက်ရဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ စက်သုံးဆီဈေးကွက်မှာ ကျဆင်းနေလို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ လေ မြန်မာနိုင်ငံမှာတော့ ဒေါ်လာနဲ့ဝယ် ပြီး မှာယူတင်သွင်းရလို့ စက်သုံးဆီဈေး နှုန်း တက်ရတာပါလို့ ဆိုကြပါတယ်။ ဘ ကြီးမိုးတို့ မြန်မာနိုင်ငံမှာ စက်သုံးဆီကို ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းတဲ့ လုပ်ငန်း ရှင်ဆိုတာ တစ်ဦးစနှစ်ဦးစပဲ ရှိနိုင်တာ ဖြစ် ပါတယ်။ အဲဒါလည်း ပြုပြင်ရမယ့်အချက် ထဲမှာ ပါတယ်ခင်ဗျ။ စက်သုံးဆီဈေးတက် ရင် သယ်ယူပို့ဆောင်စရိတ်တက်တာပဲ။ သယ်ယူပို့ဆောင်စရိတ်တက်ရင် ကုန်ဈေးနှုန်းက တက်တာပဲကိုး။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ ဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုး သီးနှံဟာ ဆန်စပါးပဲ ဖြစ်ပါတယ်။ ရာသီ ဥတုဖောက်ပြန်ခဲ့လို့ စိုက်ပျိုးနိုင်တဲ့နေ ရာတွေမှာ ရေလွှမ်း ရေကျော်နေလို့ စိုက်ပျိုးချိန် နောက်ဆုတ်ရတာ၊ စိုက်ပျိုးစရိတ် ဆုံးရှုံးရတာတွေ ရှိပါတယ်။ နောက်ဆုတ် စိုက်ပျိုးပြီးလို့ စပါးရိတ်သိမ်းကြရတဲ့အ ချိန်ကိုက်ပြီး မြန်မာနိုင်ငံရဲ့ ဆန်အများဆုံး တင် ပို့ရောင်းချနေတဲ့ တရုတ်နိုင်ငံဟာ မြန်မာဆန်ကို မဝယ်တော့ဘဲ ရပ်တန့်လိုက်ပါတယ်။

အများဆုံး ဝယ်လက်ဖြစ်တဲ့ တရုတ်က အဝယ်ရပ်လိုက်တာနဲ့ မြန်မာ့ဆန်ဈေး ဟာ ယောက်ယက်ခတ်သွားပါတော့တယ်။ တရုတ်နဲ့မြန်မာ သီးနှံရောင်းဝယ်ရေးကိစ္စ ဟာလည်း စနစ်တကျဖြစ်ဖို့တော့ လိုနေပါ ပြီ။ အရင့်အရင် ခေတ်အဆက်ဆက်က မြန်မာနိုင်ငံဘက်က ဆန်နဲ့သီးနှံ တင်ပို့မှုကို တရားဝင်ခွင့်ပြု တင်သွင်းခွင့်ပေးနေ ပေမဲ့ တရုတ်ဘက်ကတော့ တရားဝင်တင်သွင်းခွင့်ပြုတာ မဟုတ်ပါဘူး။ တရားမဝင် တင်သွင်းခွင့်ပြုတဲ့သဘောမျိုးရှိရာက ယခု အခါမှာ မဝယ်တော့ဘူးဆိုပြီး ရပ်လိုက် တော့ မြန်မာ့ဆန်ဈေးကွက်ဟာ ယောက် ယက်ခတ်သွားတော့တာပေါ့။ တရုတ်က မဝယ်တော့ဘူးဆိုမှ ဗီယက်နမ်နဲ့အပြိုင် နိုင်ငံတကာဈေးကွက်ကို ရှာဖွေရတာဆိုတော့ မလွယ်ဘူးပေါ့ခင်ဗျ။

တရုတ်က မဝယ်တော့ဘူးဆိုတာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်တချို့ဟာ စပါးမဝယ်ပါလို့ ဆိုင်းဘုတ်စိုက်ထားတာ ကို မြင်တွေ့နေရပါတယ်။

ယခု နောက်ဆုံးကြားသိရတဲ့သတင်းအရ ဆန်ကုန်သည်များအသင်းက မိုးစပါးတွေကို တောင်သူများ မနစ်နာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူထားဖို့နဲ့ ရာသီဥတုကြောင့် ပျက်စီး ဆုံးရှုံးရလို့ စိုက်ပျိုးစရိတ်များ ပေးချေမှုကို လည်း နောက်ဆုတ်ပေးဖို့ စီစဉ်နေကြောင်း ကြားရပါတယ်။

စိုက်ပျိုးရေးနယ်ပယ်ဖြစ်တဲ့ လယ်ယာမြေတွေမှာ လယ်သိမ်းယာသိမ်းအမှုတွေ ခုအထိ ဖြေရှင်းလို့ မပြီးနိုင်သေးသလို အနိမ့်ဆုံး လုပ်ခလစာကိစ္စမှာလည်း ယခု တိုင် မပြေလည်နိုင်သေးဘဲ ရှိနေပါ တယ်။

အမေရိကန်က ပိတ်ဆို့မှု ဖြေလျှော့ လိုက်လို့ ရင်းနှီးမြှုပ်နှံမှုလာမှာတို့၊ဂျပန်က ကူတဲ့ လှူဒါန်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဥုံဖွမန်းသလို ချက်ချင်းကြီး ဖြစ်လာနိုင် တာ မဟုတ်လို့ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ဥပဒေများပြဋ္ဌာန်းဖို့ လုပ်ရမှာ ဖြစ်သလို ကျွမ်းကျင်လုပ်သားများ ရရှိလာ အောင်လည်း သင်တန်းပေး၊ ဝပ်ရှော့တွေ အမြန်ဆုံး လုပ်ကြရဦးမှာ ဖြစ်ပါတယ်။

အကုန်လုံးခြုံလိုက်ရင် နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှု ဟာ မကြုံစဖူး အောင်မြင်မှုကြီးတွေ ရရှိနေတာကို အထင်းသား မြင်တွေ့နေရပေမဲ့   ပြည်တွင်းမျက်နှာစာမှာတော့ အမျိုးမျိုး ရုန်းကန်လှုပ်ရှားကြရဦးမယ့် အခြေ အနေမှာ ရှိနေတာတွေ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုနေဝင်း၊ ကိုရဲလွင်တို့ ရေးခဲ့ဆိုခဲ့ကြတဲ့ သီချင်းလို ပေါ့။ “အားလုံးကို ကျော်ဖြတ်ကြရမှာပေါ့”ခင်ဗျ။

နိုင်ငံတကာမျက်နှာစာနဲ့ ပြည်တွင်းမျက်နှာစာပါ။

ဘကြီးမိုး