The Kumudra Journal

ယောကျာ်းလေးစိတ်ပေါက်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝစိန်ခေါ်မှုများ

(မိန်းကလေးစိတ်ပေါက်နေတဲ့ ယောကျာ်းလေး၊ ယောကျာ်းလေးစိတ်ပေါက်နေတဲ့ မိန်းကလေးမျိုးတွေ တစ်ခါတစ်ရံ မွေးလာတတ်ပါတယ်။
သူတို့ရဲ့ရင်ထဲအသည်းထဲက ဆန့်ကျင်ဘက်လိင်ရဲ့ စိတ်နေစိတ်ထားမျိုးဖြစ်နေတာကို သူတို့ကိုယ်သူတို့ ဘယ်လိုမှပြု ပြင်တားဆီးလို့မရပါ ဘူး။ မိဘဆွေမျိုးတွေကလည်း မူမမှန်တဲ့စိတ်ထားဖြစ်နေတယ်ဆိုတဲ့ အယူအဆနဲ့ သူတို့ဘဝကိုပီပီသသနေထိုင်ဖို့တည့်မတ်ပေးချင်ကြ တယ်။ ဟိုမရောက် သည်မရောက်နေပုံထိုင်ပုံကြောင့် အရှက်ရရတယ်လို့ ဆွေမျိုးမိဘတွေကယူဆကြပြီး ဖိအားပေးပြုပြင်လေ့ရှိတယ်။
ကာယကံရှင်ရဲ့ ဘက်မှာတော့အသွေးထဲအသားထဲမှာ စွဲစွဲမြဲမြဲဖြစ်နေတာမို့ ပြုပြင်ပြောင်းလဲဖို့ခက်တယ်။
ဆန့်ကျင်ဘက်လိင်ရဲ့ စိတ်နေစိတ်ထားဖြစ်နေသူနဲ့ မိဘအသိုင်းအဝန်းကြားက ပဋိပက္ခက ကြီးမားလေ့ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ယောကျာ်းလေးစိတ်ပေါက်နေတဲ့ အမျိုးသမီးလေးတစ်ယောက်ရင်ဆိုင်ရတဲ့ အဆင်မပြေမှုတွေကို တင်ပြလိုက်ပါတယ်။)


*
ဆယ်ကျော်သက် အက်ဟီကို’ယောကျာ်းလျာလို့ပဲ အမြဲအခေါ်ခံနေရတာ။
သူ့မိဘတွေက သူ့ကို မိန်းမ ပီပီသသနေတာ မြင်ချင်လို့အမြဲကြိုးပမ်းနေခဲ့တယ်။
‘ကျွန်တော် ဆံပင်ရှည်ထားရင် အဖေက ကားဝယ်ပေးမယ်တဲ့လို့ အက်ဟီက သတိရတာပြန်ပြောတယ်။
‘ကျွန်တော့်ကိုကားဝယ်ပေးတာ မလိုချင်ပါဘူးလို့ သူ့ကိုပြန်ပြောလိုက်တယ်၊ နောက်ဆုံးတော့ သူလက်လျှော့သွားပြီး ကားတစ်စီးပေးတယ်၊ ဒါပေမဲ့ သူထပ်ပြောတယ်၊ကားပြန်သိမ်းမယ်လို့လဲခြိမ်းခြောက်တယ်၊ ကျွန်တော်ကတော့ ယူချင် ခုပြန်ယူလို့
အက်ဟီကို ၁၉၉၁ ခုနှစ်မှာဂျာမားမွတ်စလင် မိသားစုက မိန်းကလေးအဖြစ်မွေးဖွားခဲ့တာပါ။ သူ့ရဲ့ကလေးဘဝတစ်လျှောက်လုံးမှာ မိန်းကလေးလို နေထိုင်ဖို့ပဲအမြဲဖိအားအပေးခံခဲ့ရတယ်။
ဒါကို မှန်တယ်လို့ သူမထင်ဘူး။ သူ့ရဲ့ယောကျာ်းလေး သူငယ်ချင်းတွေနဲ့အတူ ဗလီတက်ခါင့်မပေးဘူးဆိုတဲ့အခါနဲ့ သူ့မိဘတွေက မိန်းကလေးလို ဝတ်ဆင်ခိုင်းတဲ့အခါမှာတော့ သူစိတ်ပျက်ရတယ်။
မိန်းကလေးဖြစ်ရမယ်ဆိုရင် သူအသက်ရှူကျပ်တယ်။ ကျား – မ လိင်ခွဲခြားမှုနဲ့ပတ်သက်ပြီး သူ့မှာမေးခွန်းထုတ်စရာတွေရှိနေတယ်။ သူ့ကိုယ်သူတော့ အရာအားလုံးမှာ မိန်းကလေးလို သူမခံစားရပါဘူး။
လက်ခံမယ်ဆို ကျွန်တော်လက်ခံနိုင်ပါတယ်၊ ဒါပေမဲ့ တကယ့်ရင်တွင်း ဆန္ဒကတော့ ဒါကိုငြင်းပယ်တယ်၊ ပင်ပန်းလိုက်တာ၊ ကျွန်တော် ဓမ္မတာလာတဲ့အချိန်ဆို တကယ့်အိပ်မက်ဆိုးကြီးပဲ
အက်ဟီက သူဘယ်လိုခံစားရလဲ၊ ဘာတွေဖြစ်ခဲ့လဲ၊ စိတ်ဓာတ်ကျမှုတွေနဲ့ သူဘယ်လို နပန်းလုံးနေခဲ့ရလဲဆိုတဲ့ သူ့ခံစားချက်တွေကို ပြန်ပြောပြဖို့ မလွယ်ဘူးတဲ့။
အထက်တန်းကျောင်းသားဘဝတုန်းက သူ့ကိုယ်သူ သတ်သေဖို့ တစ်ခါတစ်ရံမှာကြိုးပမ်းခဲ့ဖူးတယ်။
တစ်ရက်မှာတော့ ကောလိပ်ကျောင်းက သူ့သူငယ်ချင်းက အရင်ကသူတစ်ခါမှမကြားဖူးတဲ့ သုတေသနတစ်ခုကိုလုပ်ကြည့်ဖို့အကြံပေး တယ်။
ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေကြည့်ရှုတဲ့ ခြေလှမ်းကိုလှမ်းဖို့ပါ။ နောက်ဆုံးတော့ သူ့ရဲ့ရှုပ်ထွေးပွေလီတဲ့ ကျား – မ ကွဲပြားမှုနဲ့ လိင်ကို နားလည်ဖို့နည်းလမ်းကို အက်ဟီတွေ့ရတယ်။ သူက သူနဲ့မတူတဲ့လိင်စိတ်ရှိသူပဲ။
နှစ်ကာလရှည်ကြာသူခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေသက်သာဖို့ ၂၀၁၄ ခုနှစ်မှာ တစ်လ တစ်ကြိမ် ဟိုမုန်းဆေးထိုးဖို့ အက်ဟီဆုံးဖြတ်တယ်။ သူဖြစ်ချင်တဲ့ပုံဖြစ်လာတယ်။ နေရထိုင်ရတာ သက်သောင့်သက်သာရှိလာတယ်။
‘အကျိုးအပြစ်ကို ကျွန်တော်ရေတွက်ကြည့်တယ်၊ ကျွန်တော့်ရဲ့ ပကတိအရှိ ဖုံးကွယ်ဟန်ဆောင်ပြီး စိတ္တဇမဖြစ်ချင်တော့ဘူးလို့ အက်ဟီ က ပြောတယ်။
သည်လိုလုပ်ရင် သူ့မိသားစုတော့ တုန်လှုပ်ချောက်ခြားကုန်မှာပဲဆိုတာ သူသိပါတယ်။ သူတို့နားလည်အောင်ကြိုးစားချင်လို့ ခွဲစိတ်ကုသဖို့ ဖင့်လေးခဲ့တယ်။
သူ့အမေနဲ့ သူ့သူငယ်ချင်းတွေကတော့ အက်ဟီဟာအတွေးအမြင်စပြောင်လာပြီလို့ ဆိုတယ်။
‘ကျွန်တော့်လိုကလေးကို မွေးရတာအရှက်ရသလားလို့ အမေ့ကိုကျွန်တော်မေးတယ်၊ ရှက်တယ်ဆိုလဲ ရပါတယ်၊ ကျွန်တော် အိမ်က ထွက်သွားမယ်˘
အက်ဟီဆက်ပြောတာက တကယ့် အစ္စလာမ်စစ်စစ် ကျွန်တော့်အမေဆက်ပြောတာက ဒါက အမေ့မျိုသိပ်ရမှုပါ၊ မင်းက အင်ဒိုနီးရှားမှာ ဒီလိုအနေအထားနဲ့ မွေးဖွားလာခဲ့တာကိုးတဲ့၊ လူတွေကမေးရင် သူဘယ်လိုဖြေရမှာလဲလို့ အမေကပြန်မေးတယ်˘
အတွေ့အကြုံအရတော့ အက်ဟီကိုစိတ်ပိုင်းဆိုင်ရာ အားပေးဖို့ခုမလိုပါဘူး။ ဒါပေမဲ့ သူနဲ့လက်ပွန်းတတီးနေကြဖို့တော့လိုတယ်။ သာဓကအနေနဲ့ ဖော်ပြရရင် သူ့အမေက သူ့အနာဂတ်အတွက်စိတ်ပူတယ်။
အင်ဒိုနီးရှားမှာ မတူကွဲပြားတဲ့ လိင်စိတ်ရှိသူအတွက် လွယ်တာမဟုတ်ပါဘူး။ အက်ဟီက ထင်ရှားတဲ့နမူနာပါ။
ဥပမာအားဖြင့်၂၀၁၄ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ဘဏ်တစ်ခုရဲ့အလုပ်က သူ့ကိုပယ်တယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေး အသွင်ရှိပေမဲ့ အခြားသူတွေလို အမျိုးသမီးအဝတ်အစားမဝတ်ချင်လို့တဲ့။
‘အဲဒီကစီမံအုပ်ချုပ်တဲ့ရာထူးမှာ နေရာလပ်တယ်၊ ကျွန်တော်က စစ်ဆေးမေးမြန်းတာတွေ အားလုံးအောင်တယ်၊ ဆိုက်ကိုတက်စ် တောင်အောင်တယ် ဗျာ၊ ဘဏ်ချေးငွေနဲ့ပတ်သက်ပြီး လက်တွေ့တင်ပြရတာလဲ အိုကေတယ်၊ ကျွန်တော်ဘဏ်နဲ့ အလုပ်သဘောတူစာချုပ် လက်မှတ်ထိုးဖို့စောင့်နေတာ၊ ဒါပေမဲ့ သူတို့ကိုမေးတော့ ကျွန်တော့်ကိုယောကျာ်းလေးအင်္ကျီ မဝတ်ရဘူးတဲ့၊ ဒီမှာလမ်းဆုံးတာပဲ
ဒေါသစိတ်က သူ့ကိုရည်မှန်းချက်ပန်းတိုင်အသစ်ချဖို့ တွန်းအားဖြစ်တော့တာပဲ။
ကွဲပြားခြားနားတဲ့ လိင်စိတ်မျိုးရှိနေသူတွေလည်း အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်။ လက်ဖျားခါလောက်တဲ့အလုပ်အကိုင်မျိုး ရနိုင်တယ်ဆိုတာ အက်ဟီကသက်သေပြချင်တယ်။
သည်အချက်ကပဲ သူ့ကို လိင်တူ ချစ်သူ၊ ကိုယ်နဲ့မတူတဲ့လိင်စိတ်ရှိနေကြသူအသိုက်အ၀န်းကို ကိုယ်စားပြုအာရုံစိုက်ဖို့ သူ့အတွက် လမ်းကြောင်းကိုညွှန်ပြတယ်။ ပစ်ပယ်ခံထားရမှုအတွက် အခွင့်အရေးရအောင် ဦးဆောင်တိုက်ပွဲဝင်ဖို့နဲ့ ၂၀၁၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံက စကော လားရှစ်ရဖို့အတွက် ပြင်ဆင်ဖို့ တွန်းအားဖြစ်စေတယ်။
ခုရက်ပိုင်းမှာ အက်ဟီ ဂျကာတာမြို့ တော်မှာ နေထိုင်တယ်။ သူ့မိသားစုနဲ့ ရင်း ရင်းနှီးနှီးနေတယ်။ ယောကျာ်းလေး တစ် ယောက်လိုနေထိုင်တယ်။ သူ့မှာ နှုတ်ခမ်း မွေးမုတ်ဆိတ်မွေးခပ်ပါးပါးရှိနေတယ်။
ကျော်ရင်မြင့်

[Asia Calling က Ria Apriyani  ရေးတဲ့ A challenging transition, the journey of one Indonesian transge- nder man ကို ဆီလျော်အောင် မြန်မာဘာ သာပြန်ဆိုတာ ဖြစ်ပါတယ်။]