The Kumudra Journal

ဆိုးမွေ ကောင်းမွေ

မနေ့က ကျွန်တော်နေတဲ့ အိမ်နဲ့ နှစ် အိမ်ကျော်မှာရှိတဲ့ သူငယ်ချင်း မောင် ဆောင်းရဲ့အိမ်ကို သွားလည်တယ်။ ညနေပိုင်း အားချိန်လေး ရေနွေးကြမ်း သောက်လေကန်ကြဖို့ပဲပေါ့။

မောင်ဆောင်းရဲ့ အိမ်ကိုရောက်ပြီး သူတို့ လင်မယားနဲ့ စကားပြောနေတုန်း မောင်ဆောင်းရဲ့ သားအကြီးကောင် အ ပြင်ကနေ အိမ်ကို ပြန်ရောက်လာတယ်။ ကျွန်တော့်ကို တွေ့တော့ နှုတ်ဆက်တယ်။ ဘယ်က ပြန်လာတာလဲလို့ ကျွန်တော်က   မေးတော့ ရဲစခန်းမှာ ပြစ်မှု ကင်းရှင်း ကြောင်း ထောက်ခံစာသွားယူပြီး ပြန်လာတာလေဦး၊ အလုပ်လျှောက်ဖို့အတွက်ပါလို့ ပြောရင်း ဦးကို မေးရဦးမယ်၊ ကျွန်တော်တို့ အလုပ်သွားလျှောက်ရင် အလုပ်ရှင် အတော်များများက နေထိုင်ကြောင်း ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေ တောင်းကြတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းနဲ့ နေတာ  တစ်ပတ် လောက်ရှိတဲ့ စာရွက်ထုတ်ပြရင် အုပ်ချုပ်ရေးမှူးရုံးက နေထိုင် ကြောင်း ထောက်ခံစာ  ထုတ်ပေးတာပါပဲ၊ တကယ်ကျွန်တော် အမြဲတမ်းနေထိုင်တာက တခြားမြို့ ဖြစ်နေရင်လည်း နေထိုင်ကြောင်း ထောက်ခံစာ ပေးပါတယ်။ ရဲ စခန်းမှာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ သွားတောင်းရင်လည်း ဘယ်ပြစ်မှု မှတ်တမ်းဟောင်းမှ ပြန်ရှာတိုက်ဆိုင် ကြည့်ပြီး လက်မှတ်ထိုးပေးတာ မဟုတ်ပါဘူး၊ အသင့်ရိုက်ပြီးသား ထောက်ခံစာမှာ ကျွန်တော်တို့က လိုတာ ဖြည့်ပေးလိုက် ရင် လက်မှတ်ထိုးပေးတာပါပဲ၊ သူတို့မှာ လည်း ဘယ်ဂတ်စာရေး၊ ဘယ် နယ်ထိန်းမှ မှတ်တမ်းတွေ ပြန်ရှာနေလို့ အချိန်မရ ကြပါဘူး၊ ရှိတဲ့ ရဲဝန်ထမ်းနဲ့ တောင် ပြည်သူကို ကာကွယ်ဖို့ အင်အားနည်း လွန်းနေသေးတယ်လို့ ဆိုထားပြီးသားပဲ ဟာ၊ ဒါကို မှတ်တမ်းဟောင်းနဲ့ ပြန်တိုက် ကြည့်နေဖို့ အချိန်မပေးနိုင်သလိုထောက်ခံစာပေးဖို့ ရက်ရွှေ့ချိန်းရင်လည်း ရဲက ရစ် နေတယ်လို့ ကျွန်တော်တို့တွေက ပြောကြဦးမှာပါ၊ ဒါဆို သည်ထောက်ခံစာတွေ ဘာလုပ်ဖို့ တောင်းနေကြတုံး၊ ကျွန်တော် စဉ်းစားမရဘူး၊ တကယ်လိုအပ်တဲ့ ပညာ အရည်အချင်း၊ အလုပ်သမားမှတ်ပုံတင် ကတ်ရဲ့ အစU်အလိုက်နံပါတ် (စီနီယာကျမကျ) မျိုးကိုတော့ အလုပ်ရှင်က စစ်ဆေးလှတယ်မရှိပါဘူး၊ တချို့အလုပ်တွေဆိုရင် ဦးရယ် အကျင့်စာရိတ္တကောင်းမွန်ကြောင်း တောင် ထောက်ခံစာ တောင်း လိုက်ပါ သေးတယ်၊ ကိုယ်ကကျူး ကိုယ့်ဒူး တောင် မယုံရဘူးဆိုသလို အခုအချိန်ထိ အကျင့် စာရိတ္တကောင်းအောင် နေထိုင် ခဲ့တဲ့ ကျွန် တော်ဟာ ညကျရင်သော်လည်း ကောင်း၊ နောက်နေ့မှာသော်လည်း ကောင်း စိတ် အလိုအရ ပြစ်မှုကျူးလွန်သူ အချိန် မရွေး ဖြစ်သွားနိုင်ပါတယ်၊ ကျွန်တော့် ကိုယ် ကျွန်တော်တောင် အာမခံရ ခက်လှတဲ့ကိစ္စမှာ ကျွန်တော့်ရဲ့ အကျင့် စာရိတ္တကောင်းကြောင်း၊ သူစိမ်းတစ်ရံဆံ က ထောက်ခံစာပေးတယ်ဆိုတာ ဖြစ်နိုင် ပါ့ မလား၊ ကျွန်တော်တို့အတွက် အချိန်တွေကုန် ၊ သွားရလာရ ပင်ပန်းအောင် သည်ထောက်ခံစာတွေ လိုက်တောင်းပေးနေရသလိုပါပဲ ဟု ပြောလာပါသည်။

ကျွန် တော်လည်း သူပြောတဲ့ ထောက်ခံစာတွေ အကြောင်းဆက်ပြီးတွေးမိနေပါတော့ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ က ဌာနဆိုင်ရာ အတော်များများဟာ ထောက် ခံစာတောင်းခြင်းအလုပ်ကို မဆလ ရဲ့ အမွေအနှစ်အဖြစ် ဆက်လက် သယ် ဆောင်လုပ်ကိုင်နေကြတာ ယနေ့ အထိတွေ့ မြင်နေရဆဲပါ။  ထောက်ခံစာတောင်းသော ကိစ္စအားလုံးရဲ့ ၉၀ ရာခိုင် နှုန်း လောက်ဟာလည်း အဓိပာယ် သိပ်မရှိလှတာ တွေ့ရပါတယ်။ အဓိပာယ် သက်ရောက်မှု တစ်ခုပဲ ရှိတတ်တဲ့ ထောက် ခံစာတွေက များပါတယ်၊ ထောက်ခံစာပေးဖို့ လက်မှတ်ထိုးရတယ်။ ထိုးရတဲ့ လက်မှတ်အတွက် ဘောလ်ပင်မင်ကုန်တယ်။ တောင်းခံတဲ့ ထောက်ခံစာရဲ့ လုပ်ငန်းအလိုက် အချိန်ကောင်းကောင်း ယူ စဉ်းစားပြီးမှ လက်မှတ်ထိုးဖြစ်သွားတတ်တယ်။

မဆလခေတ်တုန်းက စားပေါက်တစ်ခု အနေနဲ့ လုပ်ခဲ့ပုံတွေ ပြောပါတယ်။ တချို့ ဆိုရင် မိမိလိုအပ်တဲ့ ထောက်ခံစာအပြည့် အစုံ စာစီစာရိုက်ပြီး သက်ဆိုင်ရာအရာရှိ ကို လက်မှတ်သွားထိုးခိုင်းတဲ့အခါ အရာရှိ က လက်မခံပါဘူး။ ထောက်ခံစာလိုချင်ရင် နောက်နေ့မှ လာခဲ့ပါ၊ စာရေးကို စာရိုက်ခိုင်းရဦးမယ်၊ ခင်ဗျားတို့ ရေးယူလာတဲ့ ထောက်ခံစာက ပြည့်စုံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မသုံးဘူး၊ ကျွန်တော်တို့ရုံးက စာရေးက ထောက်ခံစာ သတ်သတ် ရိုက် ပေး ပါလိမ့်မယ် ဆိုပဲ။ ဒါနဲ့ပဲ လက်မှတ် ထိုးခအပြင် စာရေးအတွက် စာရိုက်ချိန် ပိုလာ ပြန်ရော။ ကြည့် မဆလခေတ်တုန်း က ဘယ် လောက်ဆိုးသလဲဆိုတာ ။ ကျွန် တော်တို့ နေခဲ့ရတဲ့ဘဝတွေ ပြန်တွေး ကြည့်ရင်သနားစရာအတိ၊ အခု တော့ … အင်း…အခု ကော…။

ဥပမာအနေနဲ့ တွေးမိတာလေး ပြောပြမယ်။ ကုမဏီကြီးတစ်ခုက သူ့လုပ် ငန်း တေ∑ကို လယ်မြေ၊ ဥယျာဉ်ခြံမြေတွေ တိုင်းပြည်အနှံ့ အမြောက်အမြားငှားရမ်းပြီး လုပ်ကိုင်ရတော့မယ် ဆိုပါတော့။ လုပ် မယ့် လုပ်ငန်းကလည်း နှစ်ရှည်ဖြစ်တဲ့ နှစ်၂၀၊ ၂၅ နှစ်လို စီမံကိန်းမျိုးအတွက် မြေရှာငှားပြီး လုပ်ရတယ်။

မြေရှာလို့ရပြီဆိုရင် သည်မြေပေါ်မှာ လုပ်ငန်းလုပ်ခွင့် သက်ဆိုင်ရာမှာ တောင်း မယ်၊ သက်ဆိုင်ရာက ပြန်ပြောမယ်၊ သည် မြေပေါ်မှာ လုပ်ငန်းလုပ်ချင်ရင် ဌာနပေါင်း ၂၀ လောက်က ထောက်ခံစာပေါင်း ၂၀ လောက် ယူလာပြ၊ အဲသည် ထောက်ခံစာတွေပါရင် လုပ်ခွင့်ပြုမယ်လို့ ပြန်ပြောလိုက် တယ်။

သည်မှာတင် ကုမဏီမှာ အလုပ်ရှုပ် တော့တာပဲ။ ထောက်ခံစာအစောင် ၂၀ ကို ဌာနဆိုင်ရာပေါင်းများစွာမှာ လိုက်တောင်း ရတော့တာပဲ။ ထောက်ခံစာဆိုတာဟာ လည်း သူ လုပ်ငန်းလုပ်မယ့် မြေနေရာဟာ ဥပမာဆိုပါတော့ သာသနာ့မြေ မဟုတ်ကြောင်း၊ လေယာဉ်ကွင်းဆောက်မယ့် နေ ရာ မဟုတ်ကြောင်း၊ လျှပ်စစ် မဟာဓာတ် အားလိုင်း ပြေးဆွဲမယ့် စီမံကိန်းနဲ့ ကင်းလွတ်ကြောင်း၊ အဲသည်လိုမျိုး ဌာနပေါင်းများစွာမှာ ထောက်ခံစာတွေ လိုက်တောင်းရတော့တာပါပဲ။

အဲသည်အတွက် ကုမဏီမှာလည်း ကုန်တယ် (အချိန်ပြောတာပါ) ။ ဒါ ကုမဏီ က အလုပ်လုပ်မယ့် ဥယျာဉ်ခြံမြေကွက်ပေါင်း ထောင်ဂဏန်းလောက်မှာ တစ်ကွက်အတွက် တောင်းနေရတဲ့ ထောက်ခံစာတွေနော်။ မြေကွက်ပေါင်း ထောင်ဂဏန်းဆို စဉ်းစားကြည့်၊ကုမဏီမှာ ဘယ်လောက် ကုန်သွားမလဲ။

အဲသည်လိုကုန်တဲ့အတွက် တခြား ကုမဏီတွေက လာပြီး မရင်းနှီး မမြှုပ်နှံချင်တော့ ပါဘူးဆိုရင် ပြည်သူ့အတွက် တိုးတက်မှု မနှေးကွေးပေဘူးလား (ကုန်တယ်ဆိုတာ အချိန်ကုန်တာလို့ ပြောပြီးပြီ နော်)။ ပြီးတော့ ကုမဏီက အသုံးပြုနေတဲ့ မြေဟာ ပြည်သူ့အတွက် လိုအပ်လို့ မဟာ ဓာတ်အားလိုင်း (လျှပ်စစ်) ဆွဲရမယ့်နေရာ ဖြစ်လာရင် သည်ထောက်ခံစာတွေကြောင့် ပြည်သူ မနစ်နာ ပေဘူးလား။

ဟိုခေတ်တုန်းက ပုံစံ (၇)၊ ပုံစံ (၁၀၅) မကလို့ ဂရန်မြေပဲဖြစ်ဖြစ် လက်လွတ်စပယ်သိမ်းခဲ့တဲ့ ပြဿနာတွေရှိလို့ ခုအထိ ရှင်းလို့ မပြီးနိုင်ခင် နောက်ထပ် ပြဿနာတွေ ဒီမိုကရေစီခေတ်မှာ ထပ်ပေါ်မလာအောင် လုပ်ဖို့လိုတယ်။
ဒါကြောင့် ကုမဏီကို မြေတစ်ကွက်ချင်းအတွက် ထောက်ခံစာတောင်းနေမယ့် အစား ခင်ဗျားတို့ကုမဏီက သည်လုပ်ငန်း လုပ်ချင်ရင် ခင်ဗျားတို့လုပ်မယ့် မြေတွေဟာ သည်အချက် ၂၀ နဲ့ ကင်းလွတ်လား စုံစမ်းပြီးမှ လုပ်ကြ၊ မကင်းလွတ်ခဲ့လို့ ပြည်သူ့အတွက် အသုံးပြုဖို့လိုရင် ကျုပ်တို့ ကတော့ ပြည်သူ့မျက်နှာပဲ ကြည့်ရမှာပဲ၊ ဒါကို သိရှိလိုက်နာနိုင်မှ ခင်ဗျားတို့ ကုမဏီ အလုပ်လုပ်ဆိုပြီး လက်မှတ် ခေါ်ထိုး ခိုင်းလိုက်ရင် တစ်ခါတည်း မပြီးပေဘူး လား။

ဒါကြောင့် ကျွန်တော် တွေးမိသလောက် ပြောရရင် လက်ရှိ ဒီမိုကရေစီ စနစ်မှာ မဆလခေတ်ဟောင်းက အစွဲပါလာတဲ့ ထောက်ခံစာပေါင်းစုံကို လက်ရှိ ဝန်ကြီးဌာန ပေါင်းစုံက တကယ် လိုအပ် တာကိုပဲ တောင်းကြဖို့ ၊ ပြန်စိစစ်လျှော့ချ သင့်ပြီလို့ မြင်လာတယ်။

မကောင်းတဲ့အမွေဆိုရင် ရဲရဲစွန့်ပစ်ပြီး ကောင်းတဲ့အမွေကို ဆက်ပြီး ထိန်းသိမ်းဖို့အားလုံးမှာတာဝန်ရှိတယ်လို့ကျွန်တော်တွေးမိတဲ့အခါဤစာကိုရေးဖြစ်ပါတယ်။

ကိုမိုး
(၆-၁-၂၀၁၇ )