The Kumudra Journal

နေပြည်တော် အိမ်ခြံမြေဈေးကွက် ပြန်လည်အသက်ဝင်

ရန်ကုန်၊ ဇန်နဝါရီ ၈ – ကာလတစ်ခုကြာ အေး နေခဲ့တဲ့ နေပြည်တော် အိမ်ခြံမြေဈေးကွက်အခြေအနေဟာ ရန်ကုန်၊ မန္တလေး တို့နည်းတူ ပြန်လည်လှုပ်ရှားလာနေပြီဖြစ် တယ်လို့ သိရပါတယ်။ သို့ပေမဲ့ ဈေးကတော့ အတက်အကျမရှိဘဲ ပုံမှန်အတိုင်းပဲ ရောင်းဝယ်ငှားရမ်းမှုသာ ဖြစ်တယ်လို့ house.com.mm ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်အနေနဲ့ ပုဗ္ဗသီရိနဲ့ ဇမ္မူ သီရိထဲက ရွှေကြာပွင့်ဘက်တော့ အခြားနေရာတွေထက် အရောင်းအဝယ်ပိုသွက်နေပါတယ်။

ပုဗ္ဗသီရိဘက်မှာတော့ ပေ ၆၀၊ ၈၀ အကျယ်မြေကွက်တွေဆို သိန်း ၂၀ဝ နဲ့ ၃၀ဝ ကြားရှိပြီး သင့်တော်တဲ့ အဆောက်အအုံပါတဲ့ အကွက်တွေ အရောင်းသွက်နေပါတယ်။

အာရ်စီကောင်းကောင်းပါတဲ့ ၆၀၊ ၈၀ အကျယ်အကွက်တွေဆို သိန်း ၃၅၀ နဲ့ သိန်း ၈၀ဝ ကြားအကွက်တွေအရောင်းသွက်နေပါတယ်။

နောက် ပေ ၄၀ x  ၆၀ အကျယ်မြေကွက်တွေဆိုရင် လတ်တလောဈေးအရ သိန်း ၈၀ ကနေ  သိန်း ၁၅၀ ပတ်ဝန်းကျင် အိမ်ပါတာကော မပါတာကော အရောင်း အဝယ်သွက်ပါတယ်။ တည်နေရာအပေါ် မူတည်ပြီး ဈေးပြောင်းတာတွေရှိတယ် လို့လည်း သိရပါ တယ်။

ရွှေကြာပွင့်အနေနဲ့ကတော့ ကျောက်မျက်ဇုန်မျက်နှာချင်းဆိုင်အကွက်တွေနား က ပေ ၁၀ဝ ပတ်လည်မြေကွက်တွေက သိန်း ၁၀ဝ၀ နဲ့ ၁၆၀ဝ ကြားရှိတဲ့ မြေကွက်တွေ အဝယ်လိုက်တယ်လို့ သိရပါတယ်။ သပြေ ကုန်း မိန်းလမ်းမကြီးတစ်ဝိုက်မှာ တော့ အငှား များပါတယ်။ အဲသည်ဘက်က နှစ် ထပ်တိုက်၊ သုံးထပ်တိုက်၊ လေးထပ်တိုက်တွေ အားလုံးနီးပါး ငှားပြီးဖြစ် တယ်လို့လည်း သိရပါတယ်။ များသော အားဖြင့် တော့ နိုင်ငံခြား ကုမဏီတွေ ငှားတာများ တယ်လို့လည်းHouse.com ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။

နေထိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် ဝယ်ယူမှုတွေရှိပေမဲ့ ရောင်းလိုအားနဲ့ ယှဉ်ရင်တော့ ဝယ်လိုအားနည်းနေ သေးကြောင်း သိရပါတယ်။ နေပြည်တော် မြို့တွေထဲက ဈေးအနည်းဆုံးမြေကွက်တွေ ဝယ်လို့ရနိုင်တဲ့ ပုဗ္ဗသီရိဘက်က တော့ ရင်းနှီးမြှုပ်နှံသူထက်ကို တကယ်နေ ထိုင်မယ့်သူတွေ အဝယ်များပါတယ်။ ဒါ့အ ပြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းစတင်တော့မှာကြောင့်လည်း အိမ်ခြံမြေဈေးတွေကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ဖြစ်နေမှာလို့ သုံးသပ်သူတွေလည်း ရှိနေကြပါ တယ်။

Author အောင်လေး