သွေးအားနည်းရောဂါက အကြားအာရုံဆုံးရှုံးနိုင်မှု တိုးစေနိုင်

ဒီဇင်ဘာ ၂၉ - သံဓာတ်အားနည်းတာနဲ့ သွေးနီဥဆဲလ်အားနည်းတာတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာ တဲ့ သံဓာတ်အားနည်းတဲ့ သွေးအားနည်းရောဂါက အကြားအာရုံ ဆုံးရုံးမှုနဲ့ ဆက်စပ်နေနိုင်ပါတယ် လို့ လေ့လာမှုအသစ်တွေမှာ သုံး သပ်ထားပါတယ်။

လေ့လာမှုမှာ သံဓာတ်အား နည်းမှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါခံစားရသူတွေဟာ သွေးအားနည်းရောဂါမရှိသူတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ နှစ်ဆကျော်ပိုများနေတာကို တွေ့ရပါတယ်။ အကြားအာရုံဆုံးရုံးမှုနဲ့ သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်းတာတွေကြားက ဆက်စပ်မှုက sensorineural လို့ ခေါ်တဲ့ အတွင်းနားအကြားအာရုံ ဆုံးရှုံးမှုနဲ့ အပြင်နားအကြားအာရုံဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေပါတယ်။

အတွင်းနားအကြားအာရုံဆုံးရှုံးမှုက နားအတွင်း ဒါမှမဟုတ် နားအတွင်းပိုင်းနဲ့ ဦးနှောက်ကို ဆက်သွယ်ပေးတဲ့ အာရုံကြော ဆက်သွယ်ရေးလမ်းကြောင်း ထိခိုက်ပျက်စီးသွားတဲ့အချိန်မှာဖြစ် ပေါ်ခံစားရတာဖြစ်ပါတယ်လို့ American Speech – Language-Hearing Association (AS HA) က ဖော်ပြခဲ့ပါတယ်။

နားစည် ဒါမှမဟုတ် အတွင်း နားကအသံတွေကို သဲသဲကွဲကွဲ မကြားရတဲ့အချိန်မှာ အပြင်နားအ ကြားအာရုံဆုံးရုံးမှု ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ အကြားအာရုံလုံးဝ ဆုံးရုံးသွားရတာဟာ အကြားအာရုံ ဆုံးရှုံးမှုနှစ်မျိုးစလုံးကြောင့် ဖြစ်တာဖြစ်ပါတယ်လို့ ASHA က ပြောကြားခဲ့ပါတယ်။

 Sensorineural အကြားအာ ရုံဆုံးရှုံးမှုဟာ အမြဲတစေဖြစ်သွားတတ်ပါတယ်လို့ ASHA အစီရင် ခံစာမှာပါရှိပါတယ်။ သံဓာတ်အား နည်းတာကြောင့်သွေးအားနည်းတာက အကြားအာရုံဆုံးရှုံးရတဲ့ ကိစ္စမှာ အခန်းကဏ္ဍတစ်ရပ်အနေ နဲ့ ပါဝင်နေတယ်ဆိုရင် သွေးအားမနည်းအောင်နေထိုင်မှုက အကြားအာရုံပြန်လည်ကောင်းမွန်လာစေ ဖို့ အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။

သုတေသီတွေအနေနဲ့ အကြားအာရုံဆုံးရှုံးရတဲ့အကြောင်း ရင်းခံကို သိပ်မကြာခင်မှာ အသိပေး ပြောကြားတော့မှာဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုလက်ရှိ မှာတော့ အကြားအာရုံ ဆုံးရှုံးမူနဲ့ ပတ်သက်ပြီး သွေးအားနည်းရော ဂါရှိသလား ဆိုတာကို သိရှိနိုင်ဖို့အတွက် သွေးစစ်ဆေးခိုင်းတာမျိုးမ လုပ်ဆောင်ခိုင်းပါဘူး ။ “အခုလက်ရှိမှာတော့ သံဓာတ်အားနည်းတာ ကို ကုသမှုခံယူတာက အကြားအာရုံ ဆုံးရှုံးမူကို တိုးတက် ကောင်းမွန်လာစေတယ်ဆိုတဲ့ အထောက်အထားတော့မတွေ့ရှိရသေးပါဘူး” လို့ သုတေသနကို ဦးဆောင်သူ Kathleen Schieffer က ပြောပါတယ်။

အခုလေ့လာမှုရဲ့ တွေ့ရှိချက် က သံဓာတ်အားနည်းတာကြောင့် ဖြစ်တဲ့ သွေးအားနည်းတာနဲ့ အကြားအာရုံဆုံးရှုံးမှုတို့ ကြားမှာ ဆက်စပ်မှုရှိနိုင်တယ်ဆိုတာကိုပဲ ဖော်ပြနိုင်တာဖြစ်ပါတယ် လို့ လည်း သူက ရှင်းပြပါတယ်။ သွေး ထော က်ပံ့မှု ပြောင်းလဲတဲ့အနေအ ထားကို အတွင်းနားက ခံနိုင်ရည်မရှိပါဘူး၊ သံဓာတ်အားနည်းတာ ကြောင့် သွေးအားနည်းရောဂါ ခံစားရသူတွေမှာ သွေးတွင်း အောက်ဆီဂျင်ပမာဏပြတ်လပ် တာက အတွင်းနားကိုထိခိုက် စေ နိုင်ပါတယ် လို့ သုတေသီတွေက ထောက်ပြပြောဆိုထားပါတယ်။

မအေးသီမွန်
[[ref: UPI, Dec 29, 2016.]