The Kumudra Journal

အသေးစားလူ့အစာအိမ်အတုတွေကို ဓာတ်ခွဲခန်းထဲမှာပြုလုပ်

အစာအိမ်အောက်ခြေပိုင်းက တစ်သျှူးတွေကနေတစ်ဆင့် အသေးစားလူ့အစားအိမ်အတုတွေကို ဖန်တီးခဲ့ကြပါတယ်။

ဇန်နဝါရီ ၅ – အစာအိမ်ရောဂါကု ဆရာဝန်တွေကို လူ့အစာချေဖျက်မှုကိုသိနားလည်စေအောင် လုပ်ဆောင်ပေးမယ့် နည်းလမ်းသစ်တစ်ရပ် အနေနဲ့ ဓာတ်ခွဲခန်းထဲမှာအစာချေဖျက်မှုကို လုပ်ဆောင်နိုင်တဲ့ အစာအိမ်အသေးစားလေးတွေကို သိပ္ဗံပညာရှင်တွေက တီထွင်ခဲ့ပါတယ်။
အစာအိမ်အပေါ်ဆေးဝါးတွေရဲ့အကျိုးသက်ရောက်မှုတွေကို အရင်ကထက် ပိုမိုတိတိကျကျသိရှိရအောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ မိခင်ရဲ့သားအိမ်ထဲမှာ  ကလေးငယ်ရဲ့အစာအိမ်ဖွံ့ဖြိုးမှုကို ပိုမိုကောင်းမွန်စွာ နားလည်သိရှိနိုင်စေဖို့ကြိုးပမ်းမှုအနေနဲ့ အသေးစားအစာ အိမ် အတုလေးတွေကိုဖန်တီးဖို့ သိပ္ဗံပညာရှင်တွေကပင်ပမဆဲလ်တွေကိုအသုံးပြုခဲ့ကြပါတယ်။
Cincinnati ကလေးဆေးရုံ ကုသရေးဌာနက သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ အစာအိမ်အောက်ခြေပိုင်းက တစ်သျှူးတွေကနေတစ်ဆင့် အသေးစားလူ့အစာအိမ်အတုတွေကို ဖန်တီးခဲ့ကြပါတယ်။
အခုနောက်ဆုံးအောင်မြင်မှုမရခင်က သုတေသနအဖွဲ့ဟာ အစာအိမ်ဟော်မုန်းတွေကို အများဆုံးထုတ်လုပ်ပေးတဲ့ ant-rum လို့ခေါ်တဲ့ အစာအိမ် အစိတ်အပိုင်းက ဆဲလ်တွေကိုပဲဓာတ်ခွဲခန်းထဲမှာ မွေးမြူဖူးတာဖြစ်ပါတယ်။
‘အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ အစာအိမ်ရဲ့အခေါင်းပိုင်းက တစ်သျှူးတွေကိုရော အစာအိမ်အခြေပိုင်းက တစ်သျှူးတွေကနေပါ အသေးစား လူ့အစာအိမ်အတုတွေကို မွေးမြူထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်၊ ဒီတီထွင်မှုက လူ့အစာအိမ်တစ်သျှူးတွေရဲ့ ဇီဝကမ္မနည်းအရအကျိုးပြုမှုပုံစံ နဲ့ ရောဂါကူးစက်မှု၊ ထိခိုက်အနာတရ ဖြစ်မှုတွေအပေါ်မှာဘယ်လိုကွဲပြားတဲ့ တုံ့ပြန်မှုတွေလုပ်ဆောင်သလဲဆိုတာနဲ့ ဆေးကုသမှုတွေအပေါ်မှာ ဘယ်လို့တုံ့ပြန်သလဲဆိုတဲ့ အချက်တွေကိုလေ့လာရာမှာ အထောက်အကူပြုမှာဖြစ်ပါတယ်လို့ Cincinnati ကလေးဆေးရုံက Pluripotent Stem Cell ဌာနရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့သုတေသနကို တွဲဖက်လုပ်ဆောင်တဲ့ ဒေါက်တာ Jim Wells က ပြောပြပါတယ်။
‘အမေရိကန်ပြည်ထောင်စုမှာ လူသန်းပေါင်းများစွာဟာ အစာအိမ်ရောဂါတွေကိုခံစားနေကြရပြီး ကမ္ဘာတစ်လွှားမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူတွေထဲမှာ အစာအိမ်ကင်ဆာကြောင့် သေဆုံးသူအရေအတွက်ဟာ တတိယအများဆုံးဖြစ်လို့နေပါတယ်လို့လည်းဆိုပါတယ်
Wells နဲ့ သူ့ရဲ့ သုတေသီအဖွဲ့ဟာ ဓာတ်ခွဲခန်းထဲမှာ အစာအိမ်အတုတွေ ဖန်တီးနိုင်ဖို့နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ပြီးတဲ့ နောက်မှာ အောင်အောင်မြင်မြင်နဲ့ တီထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သုတေသနအဖွဲ့ဟာ သန္ဓေသားလောင်းအရွယ် မှာ လူ့အစာခြေစနစ်ကြီးထွားဖွံ့ဖြိုးလာတာကို လေ့လာဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြီး ပင်မဆဲလ်လေ့ လာမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ပင်မဆဲလ်တွေဟာ အခြေခံကျတဲ့ဆဲလ်အမျိုးအစားဖြစ်ပြီး ဆဲလ်ကွဲပြားမှုစနစ် ကနေ တစ်ဆင့် ဆဲလ်အမျိုးအစားအမျိုးမျိုးအဖြစ် ပြောင်း လဲဖြစ်ပေါ်နိုင်ပါတယ်။ ပင်မဆဲလ်တွေက ဘာမှမလုပ်ရသေးတဲ့ ရွှံ့စေးလုံးတစ်လုံးနဲ့တူပါတယ်။ ခန္ဓာကိုယ်က ဆဲလ်အမျိုးမျိုးအဖြစ်တီထွင်ဖန်တီးလို့ရပါတယ်။

Author – မအေးသီမွန်
[ref: Dailymail, Jan 5, 2017.]