ရန်ကုန်တိုင်းဒေသကြီးအတွင်း တီဘီရောဂါဖြစ်နှုန်းများလာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ - ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတီဘီရောဂါ ဖြစ်ပွားနှုန်းများလာတယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်။

ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက တီဘီရောဂါကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ‘ရန်ကုန်တိုင်းမှာ တီဘီရောဂါ ဖြစ်ပွားနှုန်းက တခြားတိုင်းနဲ့ ပြည်နယ်တွေထက်များတယ်၊ ကျွန်တော်တို့ရန်ကုန်မှာက အခြား ပြည်နယ်တွေထက်စာရင် ကုသမှု လုပ်လို့ပိုရတယ်၊ ဆေးဝါးရရှိမှု လွယ်တယ်၊ လူဦးရေများပြားတာလဲပါတယ်၊ နောက်ပြီးတော့ နေရာရွှေ့ပြောင်းမှုလဲများတယ်”လို့ ပြောပါတယ်။

သူကပဲဆက်ပြီးတော့ “စက်တွေကတော့ ဆင်ထားပြီးပြီ၊ လက်လှမ်းမမီတဲ့နေရာတွေမှာတော့ အခုလက်ရှိမြို့နယ်တိုင်းကို ကွင်းဆင်းစစ်ဆေးပြီး တီဘီရောဂါစစ်ဆေးပေးနိုင်တယ်၊ အထူးသ ဖြင့် တိုက်နယ်ဆေးရုံတွေ၊ ကျေး လက်ကျန်းမာရေးဌာနတွေက အလှမ်းဝေးနေဆဲဖြစ်တဲ့အတွက် ဒါ တွေကိုလဲ တိုက်နယ်ဆေးရုံတွေရော ကျေးလက်ကျန်းမာရေးဌာန တွေကိုပါ အရောက်ပို့နိုင်ပြီးတော့ ကုသပေးနိုင်အောင်စီစဉ်သွားမှာ ဖြစ်ပါတယ်”လို့  ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ရိုးရိုးတီဘီရော ဆေးယဉ်ပါးတီဘီရော ဖြစ်ပွားနှုန်းများပါတယ်။ ရိုးရိုးတီဘီက တော့ တခြားတိုင်းနဲ့ပြည်နယ်မှာ ၁၀၅ ဦးလောက်ရှိပေမဲ့ ရန်ကုန်မှာ ဆိုရင် ၁၇၀  ဦးလောက်ရှိတယ်။ ဆေးယဉ်ပါးတီဘီက တခြားတိုင်း နဲ့ပြည်နယ်တွေမှာ လူနာအသစ် ငါးရာခိုင်နှုန်းလောက်ရှိတယ်ဆို ရင် ရန်ကုန်တိုင်းမှာ ၁၁ ရာခိုင်နှုန်း လောက်ရှိတယ်။ သည်လူနာတွေကို စောစောသိ စောစောကုသ မယ်ဆိုရင်တော့ ကုသမှုကွင်းဆက်ကို ဖြတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူနာတွေအတွက် ကုန်ကျ စရိတ်သက်သာအောင် လုပ်ပေးဖို့ အပိုင်းမှာလည်း ကျွန်တော်တို့အနေနဲ့ ကုသပေးမှုအပိုင်းမှာ သလိပ်စစ်ဆေးခြင်း အခမဲ့ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။Gene X- pert စစ်ရမယ်ဆိုရင် လည်း လိုအပ်သလို အခမဲ့ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ဆေးကုသမှုအပိုင်းမှာလည်း ဆေးက အခမဲ့ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။  ဆေးယဉ်ပါးတီဘီဆို ရင်လည်း ကျွန်တော်တို့အနေနဲ့ လူနာတွေကို တစ်လကို ကျပ် ၃၀,ဝ၀ဝ နှုန်းနဲ့ ခရီးစရိတ်ထောက်ပံ့ပေးပါတယ်။ ဆေးသွားပေးတဲ့ ဆရာမတွေကိုလည်း ခရီးစရိတ် ၃၀,ဝ၀ဝ ပေးတယ်။ လူနာတွေအတွက်လည်း အစားအသောက် အာဟာရတွေကိုလည်း ထောက်ပံ့ပေးတယ်။ ကုန်ကျစရိတ်ကို တတ် နိုင်သလောက် လျှော့ချဖို့ လုပ် ဆောင်နေတယ်လို့ သိရပါတယ်။

Author ဖြိုးစန္ဒာ