မိခင်နှင့် ကလေးများနေ့ ပျော်ပွဲရွှင်ပွဲကို ပန်းလှိုင်စီလုံ ဆေးရုံမှာ ကျင်းပမယ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀မိခင်နှင့်က လေးများနေ့ ပျော်ပွဲရွှင်ပွဲအခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၉းဝ၀ နာရီကနေ နေ့လယ် ၂၁းဝ၀ နာရီအထိ ပန်း လှိုင်စီလုံဆေးရုံမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပျော်ပွဲရွှင်ပွဲမှာ အနုပညာရှင်တွေရဲ့တေးသီချင်း၊ သီဆိုဖျော်ဖြေ တင်ဆက်မှုတွေ၊ ကလေးအသုံး အဆောင်ဆိုင်ရာ ပြခန်းဆိုင်ခန်းတွေ၊ စားသောက်ဆိုင်ခန်းတွေ၊ သားသားမီးမီးတို့အတွက် ပျော်ရွှင် စရာဂိမ်းကစားနည်းမျိုးစုံ၊ ရယ် မောပျော်ရွှင်စရာ ဖျော်ဖြေတင်ဆက်မှုမျိုးစုံအပြင် ပန်းလှိုင်စီလုံ ဆေးရုံကြီးကကလေးငယ်တွေအတွက် ချစ်စရာလက်ဆောင်ပစ္စည်း များစွာလည်း ပြင်ဆင်ထားတယ် လို့ သိရပါတယ်။

Author  ဖြိုးစန္ဒာ