မိခင်နို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသည်းရောဂါ ကာကွယ်နိုင်

ဇန်နဝါရီ ၈ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးနိုင်တဲ့စွမ်းရည်ကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ ကင်ဆာရောဂါတို့လို နာတာရှည်ရောဂါတချို့ကိုမဖြစ်ခင်က ကာကွယ်ပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ သု တေသနအသစ်မှာတော့အတွေ့များတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံး ရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ အဆိုပြုလာပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေထဲမှာတွေ့ရှိနေကျဖြစ်ပြီး ၄င်းတို့က ဆဲလ်တွေသေဆုံး ပျက်စီးမှုကိုကာကွယ်ပေးတယ်လို့ယူဆကြပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဆယ်လီနီ ယမ်နဲ့ ကာရိုတီနွိုက်တို့ ပါဝင်ပါတယ်။
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေထဲ ပါဝင်တဲ့ သည်ဓာတ်တွေက နာတာရှည်ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်တယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ဒါပေမဲ့ သည်ဓာတ်တွေကိုယ်တိုင်က ရောဂါကာကွယ်ပေးနိုင် တာလား၊ ဒါမှမဟုတ် အသီး၊ အရွက်တွေထဲမှာပါတဲ့ တခြားဓာတ်ပစ္စည်းတွေကရော ကာကွယ်နိုင်စွမ်းရှိနေတာလားလို့ မသေချာခဲ့ကြပါဘူး။
သုတေသနအသစ်မှာ ကီဝီသီး၊ ပဲပိစပ်နဲ့ တရုတ်နံနံတို့လို အစားအစာတွေနဲ့ မိခင်နို့ထဲမှာအများဆုံးတွေ့ရတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတစ်မျိုးဟာ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ (NA-FLD) ဖြစ်ပွားမှု အန္တရာယ်နဲ့ဆက်နွှယ်နေတယ် လို့တွေ့ရှိခဲ့ပါတယ်။
NAFLD ဟာ နာတာရှည်အသည်း ရောဂါတွေဖြစ်ပွားစေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သည်ဓာတ် ပစ္စည်း pyrroloquinoline quinone (PQQ) ကို မိခင်နို့ရည်အတွင်းမှာ သဘာဝအလျောက်တွေ့ရှိနိုင် သလို ပဲပိစပ်၊ တရုတ်နံနံ၊ ကီဝီသီးနဲ့ သင်္ဘောသီးတို့လို အသီးအရွက်တွေအတော်များများမှာလည်း တွေ့ရတတ်ပါတယ်။ ၄င်းက နို့တိုက် သတ္တဝါတွေမှာဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါပါတယ်။

YSD

[ref: MNT, Jan 8, 2017.]