မိခင်နဲ့ ကလေး သေဆုံးနှုန်းလျှော့ချရေး ၂၀၃၀ ပြည့်နှစ်မှာ ပြည့်မီအောင် ဆောင်ရွက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ – မြန်မာနိုင်ငံမှာ မိခင် နှင့်ကလေး သေဆုံးနှုန်းကို လျှော့ချနိုင်ခဲ့ ပေမဲ့ သတ်မှတ်ထားသလောက် ဖြစ်မလာ နိုင်တာကြောင့် သေဆုံးနှုန်း လျှော့ချရေး ဆောင်ရွက်ချက်တွေကို လာမယ့် ၂၀၃၀ မှာ ပြည့်မီအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်း သားဖွားပညာအဖွဲ့က ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသီတာက ‘မြန်မာနိုင်ငံမှာ မိခင်နဲ့ ကလေးသေဆုံးနှုန်းကို လျှော့ချရာမှာ သားဖွားဝန်ဆောင်မှုက အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း အရ မိခင်နဲ့ မွေးကင်းစကလေး သေဆုံး နှုန်းက မြင့်နေသေးသလို မိခင်နဲ့မွေးကင်း စကလေးကျန်းမာရေးကို ပိုမိုတိုးတက် ကောင်းမွန်စေဖို့အတွက် အဓိက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မိခင်နဲ့ကလေးသေဆုံးနှုန်း ကျဆင်း ရေးကို မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားမီးယပ်ပညာအဖွဲ့နဲ့ မြန်မာနိုင်ငံသူနာပြု နှင့် သားဖွားအသင်းတို့ကနေ ပူးပေါင်းကာ တိုးချဲ့ဆောင်ရွက်သွားဖို့အတွက် လက်မှတ်ရေးထိုးတာတွေ ပြုလုပ်ခဲ့ပါ တယ်။

မွေးခင်နဲ့ မွေးကင်းစကလေး သေ ဆုံးနှုန်း ကျဆင်းဖို့ ဆောင်ရွက်မှုတွေ ကို ၂၀၁၄-၂၀၁၅ ကတည်းကနေစပြီး အခြေခံအရေးပေါ်သားဖွား စောင့်ရှောက်မှုနဲ့ မွေးကင်းစကလေး စောင့်ရှောက်မှုကို အိုဂျီ ဆရာဝန်ကနေ မြန်မာတစ်ပြည် လုံးမှာရှိ တဲ့ မြို့နယ်တွေအားလုံးကို training တွေ ပေးကာ ဆောင်ရွက်ပေးနေပြီး အရင်ကထက် ပိုမိုလုပ်ဆောင်သွားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အဓိကမိခင်တွေ သေ ဆုံးခြင်း အကြောင်းအရာတွေက မွေးပြီး သွေးသွန်တာ၊ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်တာ၊ မွေးပြီးမီးတွင်းမှာ မျိုးပွားအင်္ဂါထဲပိုးဝင်ပြီး သေဆုံးတာ၊ မလို ချင်ဘဲ ကလေးရလာတာကြောင့် ကလေး ကိုဖျက်ချရင်းကနေ နှီးနွယ်ပြီး သေဆုံးရတာ စတဲ့အကြောင်းအရာတွေကြောင့် သေဆုံးရခြင်း ဖြစ်ပါတယ်။ သည်အ ကြောင်းအရာတွေက ကာကွယ်လို့ရတဲ့ အကြောင်းအရာတွေ ဖြစ်ပြီး မသေဆုံး သင့်ဘဲ သေဆုံးနေရတာဖြစ်တယ်လို့ သိရ ပါတယ်။

Author  ဖြိုးစန္ဒာ