The Kumudra Journal

ဘီပီအိုင်သောက်ဆေးတွေအတုအစစ်ခွဲခြားနိုင်အောင် ပုံစံအသစ်နဲ့ ထုတ်လုပ်

ဘီပီအိုင်ဆေးဝါးတွေကို နောက်ပိုင်းမှာ ထုပ်ပိုးမှု အသစ်နဲ့ရောင်းချတော့မှာ ဖြစ်ပါတယ်။

 

ရန်ကုန်၊ နိုဝင်ဘာ ၂၂ - ဘီပီအိုင် သောက်ဆေးတွေကို အတုအစစ် ခွဲခြားသိနိုင်အောင် ထုပ်ပိုးမှုပုံစံအ သစ်နဲ့ထုတ်လုပ်နေပြီလို့ သိရပါတယ်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းက အထွေထွေ မန်နေဂျာ ဦးကိုကိုအောင်က ‘ထုပ်ပိုးမှုအပိုင်းလဲ ပြောင်းဖို့တော့ရှိ တယ်၊ ပြောင်းဖို့လဲ လုပ်နေပါ တယ်၊ သောက်ဆေးတွေမှာဆိုရင် အရင်တုန်းကတော့ ရိုးရိုးဘူးနဲ့ပဲ လုပ်တယ်၊ အခုဆိုရင် အတုလုပ်ဖို့ ခက်အောင်ကို အဲဒီဘူးမှာ ဘီပီ အိုင်ဆိုတဲ့အသားတံဆိပ်လေး လည်ပင်းရယ်၊ အဖုံးရယ်၊ အောက် ခြေမှာရယ် ထည့်ထားတယ်၊ ဒါက လဲ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လုပ်တာပါ၊ လောလောဆယ် တော့ ဈေးကွက်ထဲ ကျယ်ကျယ် ပြန့်ပြန့်ရှိချင်မှရှိမယ်” လို့ ပြောပါ တယ်။

ဆေးဝါးအတုတွေ ရှိနေသေးတာကြောင့် ဘီပီအိုင်ဆေးဝါးတွေကို နောက်ပိုင်းမှာထုပ်ပိုးမှု အသစ် နဲ့ရောင်းချတော့မှာဖြစ် တယ်လို့ သိရပါတယ်။ ဆေးဝါးအတုတွေက တကယ်တမ်း ဈေးကွက်ထဲမှာ အများဆုံးတွေ့ရတာ က ၁၉ မျိုး လောက်ရှိပါတယ်။

‘ဒါပေမဲ့ လုပ်တဲ့သူကလဲ အ မယ်တိုင်းကိုတော့ မလုပ်ဘူး၊ မြတ်မယ့်ဆေးကို လုပ်ကြတယ်၊ ဘာလို့လဲဆိုတော့ အရောင်စုံလုပ် ရတာဆိုတော့ များသောအားဖြင့်တော့ လေးငါးမျိုးလောက်ပဲလုပ် ကြတယ်၊ ဘယ်လိုဆေးမျိုးတော့ အတုဖြစ်နိုင်လဲဆိုတာ သိတယ်၊ ဒါပေမဲ့ ဖှုံ လို့ခေါ်တဲ့ ဆရာဝန် သမားကိုင်တာတွေတော့အတုနည်းတယ်၊အတုလုပ်တာဒီလွယ်လွယ်ကူကူဝယ်လို့ရတဲ့ဆေးတွေက များသောအားဖြင့် အတုများတယ်”လို့ ဦးကိုကိုအောင်ကပဲ ပြောပါတယ်။

ဘီပီအိုင်ဆေးတွေကို အတုအစစ်ခွဲမယ်ဆိုရင် အကြမ်းဖျင်း အားဖြင့်တော့ exp, lot number ရှိတယ်။ အဲဒါတွေက ဘယ်အချိန်ကထုတ်ထားလဲဆိုတာ ကြည့်ရမယ်။ အဲဒါတွေမှ မပါရင်တော့ အတုသေချာတယ်။ ထိုးဆေး တော့ မလုပ်ရဲဘူး။ သူကျတော့ လုပ်ရတာခက်တယ်။ ဒါပေမဲ့ သူတောင်လုပ်တဲ့သူတွေတောင် လုပ်တာရှိတယ်။ လက်ရှိမှာတော့ ဖမ်းဆီးမှုနဲ့ပဲ ထိန်းချုပ်နေရတယ်။

ဆေးဝယ်မယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့သူ နဲ့ စိတ်ချရ တဲ့ဆိုင်တွေက ဝယ်သောက်တာ အကောင်းဆုံးပါပဲလို့ ဆိုပါတယ်။

 

Author ဖြိုးစန္ဒာ