ဘီပီအိုင်ကနေ ထိုးဆေးသောက်ဆေးတွေ တိုးမြှင့်ထုတ်လုပ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၂ – မြန်မာ့ဆေးဝါး လုပ်ငန်း အင်းစိန်ကနေ ယခုနှစ်အတွင်း ထိုးဆေးနဲ့ သောက်ဆေးတွေကို တိုးချဲ့ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က“ဒီနှစ်ထဲမှာ အပြီးသတ်မယ့် plan နှစ်ခုရှိတယ်၊ အဲဒါက အကြမ်းဖျင်းတော့ ထိုး ဆေးက ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီမှာ၊ ဒါလဲပြီးစီးလုနီးပါးရှိနေပါ ပြီ၊ စက်တွေ စစမ်းနေပါပြီ၊ တစ်ပြိုင်နက်တည်းမှာပဲ လိုင်း ငါးလိုင်း ရှိတယ်၊ အဲဒါက တစ်နှစ်ကို ထိုး ဆေး သန်း ၂၀ ထုတ်နိုင်မယ်ဆို တော့ ထိုးဆေးရဲ့ လိုအပ်ချက်ကိုလဲ ပိုပြီး ဖြည့်ဆည်းလာနိုင်မယ်၊ ဒါ့အပြင် ခေတ်မီတဲ့ပစ္စည်းအသစ် တွေ ထည့်ထားပြီ ဖြစ်တဲ့အတွက် ဆေးအမယ်သစ်တွေလဲ ထုတ်လုပ် မှုမှာ အထောက်အကူဖြစ်လာနိုင် မှာ ဖြစ်တယ်”လို့ ပြောပါတယ်။

သည်နှစ်အတွင်းမှာ ထိုးဆေး အပြင် ပိုးသတ်ဆေးတွေကိုလည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ပိုး သတ်ဆေးတွေဆိုရင် တစ်နှစ်ကို ပုလင်းငါးသန်း ထုတ်လုပ်မှာဖြစ် ပြီး အဲသည်ဆေးကိုလည်း ထိုးဆေးနဲ့အတူ အသုံးပြုခွင့်ရမှာဖြစ် တယ်။ လက်ရှိမှာလည်း ပြီးစီးမှုအ ခြေအနေဖြစ်နေပြီလို့ သိရပါတယ်။

“ဒါကတော့ သောက်ဆေး ပေါ့၊ ဆေးပြားနဲ့ ဆေးတောင့်၊အဲဒါ ကလဲ ထပ်ဖွင့်ဖို့ရှိတယ်၊ သောက်ဆေးနဲ့ ဆေးပြားကိုတော့ လာမယ့် နှစ်စ ဒါမှမဟုတ် နှစ်ကုန်မှာလဲ ဖြစ် ချင်ဖြစ်ပါမယ်၊ ဆေးပြားဆေး တောင့် သန်း ၅၀ဝ ထုတ်မယ်၊ ဒါက လဲ အရင်က ထုတ်လုပ်မှုထက်တိုး လာတယ်ပေါ့၊ နောက်ပိုင်းမှာတော့ ဆေးအမယ်တွေတော့ တိုးလာနိုင်မယ်”လို့ ဦးကိုကိုအောင်ကပဲ ပြော ပါတယ်။

Author  ဖြိုးစန္ဒာ