The Kumudra Journal

ကျန်းမာတဲ့အမျိုးသမီးတွေ ရင်သားကင်ဆာဆေးတွေ ကြိုသောက်ထားသင့်ဟု ဆို

ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ် နည်းပါးစေဖို့ ဆေး ကြိုသောက်သင့်တယ်လို့ ဆိုပါတယ်။

 

နိုဝင်ဘာ ၂၉ - ကျန်းမာတဲ့အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ် ပွားမှုအန္တရာယ်နည်းပါးစေဖို့ ဆေး ကြိုသောက်သင့်တယ်လို့ အင်္ဂလန်အမျိုးသားကျန်းမာရေးဌာန NHS ရဲ့ စောင့်ကြည့်အဖွဲ့ NICE က ပြောပါတယ်။
မိသားစုမှာ ရင်သားကင်ဆာမျိုးရိုးရှိတာကြောင့် သည်ရောဂါ ဖြစ်ဖို့ အလားအလာများတဲ့အမျိုး သမီးတွေဟာ အခုလိုကာကွယ်မှုကို လိုအပ်တယ်လို့ အင်္ဂလန်လမ်း ညွှန်ချက်မူကြမ်းမှာ ပါရှိပါတယ်။
သောက်သုံးရာမှာ လက်ရှိတော့ tamoxifen, raloxifene နဲ့ anastrozole ဆိုပြီး သုံးမျိုးရွေးချယ်စရာရှိပါတယ်။

Anastrozole ဟာ ကျန်နှစ်မျိုးထက် ဈေးပိုသက်သာပြီး အ မျိုးသမီးတချို့အတွက်တော့ဘေးထွက်ဆိုးကျိုးလည်း ပိုနည်းကာ ပို ထိရောက်တယ်လို့ ဆိုပါတယ်။

အကောင်းဆုံးက ဘာလဲ

လ့လာစမ်းသပ်မှုတွေအရ Anastrozole ကို ငါးနှစ်ကြာ သောက်သုံးတဲ့လူနာ ၁၀ဝ၀ မှာ ၃၅ ဦးကို ကင်ဆာမဖြစ်လာအောင် ကာကွယ်နိုင်ခဲ့ပြီး tamoxifen သောက်သုံးသူတွေမှာတော့ ၂၁ ဦးသာ ကာကွယ်နိုင်ခဲ့ပါတယ်။
အမျိုးသမီးတစ်ဦးချင်းစီအတွက် ဘယ်ကုထုံးက အကောင်း ဆုံးဖြစ်မလဲဆိုတာကတော့ သူမရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ သူမက သွေးမဆုံးသေးသူဖြစ်ရင် anastrozole က မသင့်တော်ပါဘူး။ သည်ဆေးက အမျိုးသမီး ဟော်မုန်းအက်စထရိုဂျင်ကို ဖယ်ထုတ်ပစ်တာကြောင့် ရလဒ်အနေ နဲ့ ဆေးဒဏ်ကြောင့် သွေးဆုံးတာမျိုးဖြစ်လာစေနိုင်ပါတယ်။

လက်တွေ့စမ်းသပ်မှုတွေအရာ anastrozole နဲ့ဆိုရင် သွေးခဲပိတ် ဆို့မှုရောဂါဖြစ်နိုင်ခြေပိုများခြင်း၊သားအိမ်ကင်ဆာဖြစ်နိုင်ခြေပိုများခြင်းဆိုတဲ့ tamoxifen ရဲ့ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးနှစ်မျိုး မဖြစ်စေနိုင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ anastrozole ကြောင့် အရိုးကို အားနည်းစေတာကြောင့် အရိုးပွရောဂါရှိတဲ့အမျိုးသမီးတွေအတွက် မသင့်တော်ပါဘူး။
စစ်ဆေးပြီးလေ့လာမှုရလဒ်တွေအရာanastrozole ဟာ tamoxifen နဲ့ယှဉ်ရင် ရောဂါမျိုးရိုးရှိ တဲ့အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်တဲ့အရေအတွက်ကို လျှော့ချနိုင်ရုံသာမက အကုန် အကျသက်သာတဲ့ကုထုံးလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ရင်သားကင်ဆာကာကွယ်တဲ့ဆေးတွေအဖြစ် အသုံးပြုဖို့ ဆေးဝါးအားလုံးကို ခွင့်ပြုချက်လိုင်စင် မရသေးတာကြောင့် ဆရာဝန်တွေကoff- label အဖြစ် သုံးနေရဆဲဖြစ်ပါတယ်။

YSD [ref: BBC, Nov 29, 2016.]