The Kumudra Journal

ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေက နာကျင်မှုသက်သာစေနိုင်ဟု သိပံပညာရှင်တွေဆို

သည်မြွေမျိုးဟာ သူတို့ရဲ့အဆိပ်ဂလင်းကို ခန္ဓာကိုယ်အလျားရဲ့ လေးပုံ တစ်ပုံလောက်အထိ
ဆန့်ထုတ်လိုက်နိုင်ပါတယ်။

 

အောက်တိုဘာ ၃၁ – ကမ္ဘာပေါ်ကမြွေမျိုးစိတ်တွေထဲမှာ အကြီးမားဆုံး သော အဆိပ်ဂလင်းတွေ ပိုင်ဆိုင်ထားတဲ့မြွေက နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်ဆိုတာ သိပံပညာရှင်တွေက တွေ့ရှိခဲ့ပါ တယ်။
အရှေ့တောင်အာရှဒေသမျိုး ရင်းဝင် အဆိပ်ပြင်းမြွေမျိုးဖြစ်တဲ့ အပြာရောင်နဲ့သန္တာရောင်စပ်ထားတဲ့ နှစ် မီတာ (ခြောက်ပေ) လောက် ရှည်တဲ့မြွေရဲ့ အဆိပ်ဟာ ချက်ချင်းဆိုသလို အာနိသင်ပြပါတယ်။

Toxin ဂျာနယ်က ထုတ်ဝေခဲ့ တဲ့ သုတေသနအသစ်မှာ သည် အဆိပ်ပြင်းမြွေဟာ လူသားတွေကို နာကျင်ကိုက်ခဲမှုဖြစ်စေတဲ့ သွေးတွင်းပရိုတင်းတစ်မျိုးကိုအဓိကထား ချေဖျက်တာဖြစ်ပြီး သည် နည်းလမ်းကို ကိုက်ခဲမှုသက်သာ အောင်အသုံးပြုတဲ့ ကုထုံးတစ်ခု အနေနဲ့ အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။

“မြွေအများစုမှာ လုပ်ဆောင် မှုကိုနှေးကွေးသွားစေတဲ့ အဆိပ်တွေသာရှိကြတာဖြစ်ပါတယ်၊ မြွေကိုက်ခံရပြီးနောက် မသေဆုံးခင်မှာ လူသားတွေဟာ အိပ်ငိုက်လာ ပြီး လုပ်ဆောင်မှုတွေ နှေးကွေးလာကြတယ်”လို့ ကွင်းစလန်းတက္ကသိုလ်က ဒေါက်တာ ဘရိုင်ယန်ဖရိုင်းက ပြောကြားခဲ့ပါတယ်။

“ဒီမြွေမျိုးရဲ့အဆိပ်က ချက် ချင်းဆိုသလိုအစွမ်းပြပါတယ်၊ ဒီမြွေဟာ အမြဲလိုလို အန္တရာယ် တအားများတဲ့အကောင်တွေကိုသားကောင်အဖြစ် ဖမ်းယူစား သောက်လေ့ရှိတာကြောင့် သူ့သားကောင်တွေက သူ့ကိုလက် တုံ့မပြန်နိုင်ခင်မှာ လက်ဦးသတ် ဖြတ်နိုင်ဖို့လိုတာကြောင့် သူ့ဆီက အဆိပ်ဟာ သူများထက်ပိုပြီး အဆိပ်ပြင်းပါတယ်”

ပြောင်းလဲနိုင်မလား

ထုလုံးချွန်ခရုနဲ့ ကင်းမြီး ကောက်လေးတွေဟာ သူတို့ဆီက အဆိပ်တွေကို ဆေးဝါးအဖြစ် အသုံးပြုဖို့အတွက် လေ့လာခြင်းခံနေရတဲ့ လက်တစ်ဆုပ်စာ ကျော ရိုးမဲ့သတ္တဝါလေးတွေ ဖြစ်ကြပါတယ်။ ကျောရိုးရှိသတ္တဝါတစ်ကောင်ဖြစ်တဲ့မြွေကသာ ဆင့်ကဲ ဖြစ်စဉ်တွေအရကြည့်မယ်ဆိုရင် လူသားတွေနဲ့ ပိုနီးစပ်တာကြောင့် သူ့ရဲ့အဆိပ်ကို ဆေးဝါးအဖြစ်တီ ထွင်ထုတ်လုပ်မယ့်နည်းလမ်းက ပို ပြီးထိရောက်နိုင်တဲ့အလားအလာရှိတယ်”လို့ ဒေါက်တာဖရိုင်းက ပြောပါတယ်။

“မြွေဆိပ်ဟာ လူသားတွေကို နာကျင်မှုဝေဒနာ ခံစားရအောင် အဓိကထုတ်လုပ်ပေးတဲ့ အစိတ် အပိုင်းဖြစ်တဲ့ ဆိုဒီယမ်အချက်ပေး လမ်းကြောင်းလေးတွေကို ပစ်မှတ်ထားပြီး ထိခိုက်စေတာဖြစ်ပါတယ်၊ ကျွန်တော်တို့သာ ဒီအချက်ကို နာကျင်ကိုက်ခဲမှုကိုသက်သာအောင် လုပ်ပေးတဲ့အရာတစ်ခုခုအဖြစ် ပြောင်းလဲပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက်ပိုပြီးအသုံးတည့် သွားမှာဖြစ်ပါတယ်”

သည်မြွေမျိုးဟာ သူတို့ရဲ့အ ဆိပ်ဂလင်းကို ခန္ဓာကိုယ်အလျား ရဲ့ လေးပုံတစ်ပုံလောက်အထိ ဆန့်ထုတ်လိုက်နိုင်ပါတယ်။

“ဒီမြွေမျိုးဟာ တစ်မူထူးခြား တဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့အပြင် သူတို့ရဲ့ အဆိပ်အိတ်ကိုလဲ အရှည်ဆုံးဆန့်ထုတ်နိုင်တဲ့ မျိုးစိတ်ဖြစ်ပါတယ်၊ဒီအချက်ကတော်တော်လေးသဘောကျစရာကောင်းတယ်”လို့ ဒေါက်တာဖရိုင်းက ပြောပါတယ်။

ဒါပေမဲ့ သည်မြွေမျိုးစိတ်က ရှားပါးပါတယ်။ သည်မြွေမျိုးစိတ် ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရဲ့ စားကျက်မြေတွေဟာ ဖျက်ဆီးခံခဲ့ ရပါတယ်။

“သူတို့က တော်တော်လေး ရှားပါးပါတယ်၊ တောရိုင်းထဲမှာ နှစ်ကောင်ပဲ တွေ့ဖူးတယ်”လို့လည်း သူက ပြောပြပါတယ်။

မအေးသီမွန်
[Ref: BBC, Oct 31,2016]