ရွှေဈေး တက်နည်းနည်း၊ ကျနည်းနည်း

ရန်ကုန်၊ ဇွန် ၁၈ – သည်တစ်ပတ်မှာတော့ ရွှေဈေးကအတက်အကျလေးနဲ့ ခပ်လှုပ်လှုပ် ရှိခဲ့ပါတယ်။
မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၉၁၀,ဝ၀ဝ ပတ်ချာလည်နဲ့ ဈေးပိတ်ထားပါတယ်။ သည် တစ်ပတ်လုံးကျပ် ၉၀၈,၅၀ဝ နဲ့ ကျပ် ၉၃၀,ဝ၀ဝ ကြားမှာရှိနေတာပါ။ ကမ္ဘာ့ရွှေဈေးကတော့ တက်မနေပါဘူး။
ငွေဈေးကအရင်ကထက် အတက်အကျနဲ့ခပ်လှုပ်လှုပ်လေး ပြန်ဖြစ်လာပါတယ်။ တစ်ဒေါ်လာကို ကျပ် ၁၃၆၀ ပတ်ချာလည်အထိပြန်တက်လာတာပါ။ တခြားငွေဈေးတချို့လည်းအတက်အကျ ဖြစ်ခဲ့ပါတယ်။
အရောင်းအဝယ်ကတော့ အရင်အခြေအနေအတိုင်းမထူးခြားဘဲအေးမြဲပါပဲ။

  

Author – တုံတုံ