The Kumudra Journal

မန်းမှာ ဝယ်လိုအားများလို့ ဆန်ဈေးမြင့်

မန္တလေး၊ ဇန်နဝါရီ ၈ – မန္တလေးဈေးကွက်မှာ လူကြိုက်များ အရောင်းသွက်တဲ့ အရှေ့ တောမဂျမ်းဆန် (အသစ်) အထိုင် လက် ကားဈေး ဆက်တိုက်မြင့်တက်နေပြီး ဆန် တစ်တင်းခွဲတစ်အိတ် ကျပ် ၂၀ဝ၀ ခန့် ရက် ပိုင်းအတွင်း မြင့်တက်လာတယ်လို့ ဆန်ကုန်သည်ပွဲစားအချို့ထံက သိရပါတယ်။

ပေါ်စချိန်မှာပင် အရှေ့တော မဂျမ်း ဆန်သစ်ဈေးဟာ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်တင်းခွဲတစ်အိတ် ကျပ် ၃၆,ဝ၀ဝ ခန့် ပေါက်ဈေးရှိတယ်။ အခုရက်ပိုင်းမှာ ဈေးနှုန်းထပ်မံမြင့်တက်ခဲ့ပြီး တစ်တင်းခွဲ တစ်အိတ် ကျပ် ၃၈,ဝ၀ဝ ခန့်အထိ  ဈေးမြင့် လာတယ်လို့ ဆန်ပွဲစားအချို့က ပြောပါ တယ်။ ဝယ်လိုအားများပြားမှုကြောင့် အခုလို ဆန်သစ်ဈေးမြင့်လာတာလို့ ဆန်ကုန်သည်အချို့က ဆိုပါတယ်။

“လှောင်လက်က တအားများတယ်၊ ဒီနှစ်က ဘယ်လောက်များသလဲဆိုရင် ဒီ နား ပတ်ဝန်းကျင်က (ဆန်လက်ကား ရောင်းသူ) စက်ပိုင်အများစုက ဆန်အအပ် (လှောင်လက်) လက်မခံတော့ဘူး” လို့ အရှေ့တော မဂျမ်းထွက်ရှိရာ    ပုသိမ်ကြီး မြို့နယ်ထဲက ဆန်စက်ပိုင်တစ်ဦးက ပြော ပါတယ်။

လက်ကားအထိုင်ဈေး မြင့်လာမှု ကြောင့် လက်လီဈေးကွက်မှာလည်း မဂျမ်းဆန်တစ်တင်းခွဲ တစ်အိတ် ကျပ် ၂၀ဝ၀ ခန့် ဈေးမြင့်လာကာ ဆန်တစ်တင်းခွဲတစ်အိတ်ကို ကျပ် ၃၈,ဝ၀ဝ မှ ၄၀,ဝ၀ဝ ခန့်အထိ ဈေးပေးဝယ်ရတယ်လို့ သိရပါတယ်။

ဆန်ဈေးနှုန်းမြင့်တက်လာသလို ဈေးကွက်တွင်း ဝယ်လိုအားကတော့ အရင် တစ်ပတ်ကထက်စာရင် အခုရက်ပိုင်း ပိုမိုများပြားတယ်။

Author မိုးမြင့်ထွန်း