The Kumudra Journal

၂၀၁၇အတွက်CIF/AVတန်ဖိုးတွေကြောင့်ကားဈေးမကျနိုင်

၂၀၁၇အတွက်CIF/AVတန်ဖိုးတွေကြောင့်ကားဈေးမကျနိုင်
ရန်ကုန်၊ဇန်နဝါရီ ၉
တရားဝင်မဟုတ်သေးဘဲထွက်ရှိလာတဲ့၂၀၁၇အတွက်တင်သွင်းခွင့်ပြုတဲ့ကားအမျိုးအစားအလိုက်CIF/AVတန်းဖိုးတွေအရအင်ဂျင်ပါဝါကြီးတဲ့ကားအမျိုးအစားတွေသာတန်ဖိုးလျှော့ထားပြီးလူသုံးများ
တဲ့အင်ဂျင်ပါဝါသေးတဲ့ကားတွေကအရင်ထက်တန်ဖိုးမြင့်နေပါတယ်။

ဥပမာ စလစ်ကပ်တင်သွင်းရတဲ့ကားအမျိုးအစားထဲကတိုယိုတာဘင်ဂတ်၂၀၁၁မော်ဒယ်ကအမေရိကန်ဒေါ်လာ၁၀၉၂၀။ဝှစ်ရှ်၂၀၁၁မော်ဒယ်က၉၄၄၀။ဟာရီယာ၂၀၁၁က၁၆၄၄၀နဲ့ရေ့ဖ်ဖိုး၂၀၁၁က၁၀၉၂၀သတ်မှတ်ပါတယ်။
အဲသည်စီအိုင်အက်ဖ်တန်ဖိုးတွေကအရင်နှစ်ကထက်လျော့နေလို့အခွန်တန်ဖိုးလျော့မှာဖြစ်ပါတယ်။ဒါပေမဲ့၂၀၁၁မော်ဒယ်ဖြစ်လို့အဆင့်မြင့်ကားဖြစ်သလိုကားတန်ဖိုးနဲ့လေလံဈေးကမြင့်လာပ့မယ်။လေလံမှာအပြိုင်ဆွဲကြဦး
မယ်ဆိုရင်တော့စီအိုင်အက်ဖ်မှာသက်သာတာကလေလံမှာပြန်မြင့်သွားနိုင်ပါတယ်။လူကြိုက်များတဲ့ဝှစ်ရှ်၂၀၁၁မော်ဒယ်ကကျပ်သိန်း၃၅၀နဲ့၄၀၀အတွင်းဖြစ်နိုင်ပါတယ်။

အဝယ်များတဲ့ပွိုင့်သရီးကားထဲမှာတော့ဟွန်ဒါအင်ဆိုက်၂၀၁၁မော်ဒယ်ကိုအမေရိကန်ဒေါ်လာ၁၀၆၁၀ထိမြင့်နေပါတယ်။အရင်ကစီအိုင်အက်ဖ်၅၀၀၀နဲ့စလစ်ကပ်စရာမလိုပဲတင်သွင်းနိုင်တာပါ။
ဟွန်ဒါဖစ်၂၀၁၁က၆၆၈၀။ပရိုဘောက်စ်၂၀၁၁ကလည်း၆၈၉၀ဖြစ်လို့စီအိုင်အက်တန်ဖိုးတွေမြင့်နေပါတယ်။၂၀၁၅အောက်သွင်းရင်စလစ်ကပ်ရမှာမို့စလစ်ဖိုး၁၁ဝထပ်ပေါင်းရပါဦးမယ်။၁၃၅၀စီစီကို
စလစ်မလိုတဲ့ဖရီးပါမစ်နဲ့သွင်းရင်တော့နယ်လိုင်စင်၂၀၁၅မော်ဒယ်အထက်ဖြစ်လို့ဘရင်းနယူးကားနီးပါးဈေးနှုန်းမြင့်တက်မှာပါ။ဒါကြောင့်ကားဈေးနှုန်းတွေကစီအိုင်အက်ဖ်ကြောင့်ဈေးမကျဆင်းနိုင်
ဘူးလို့ကားတင်သွင်းရောင်းချသူတွေကသုံးသပ်ပါတယ်
author အောင်ထွန်းဦး