လုံခြုံစိတ်ချစေနိုင်တဲ့ နည်းစနစ်တွေနဲ့ အသစ်စက်စက် ဂျီအက်စ်ဖိုက်စူပါ

ခန့်ညားတဲ့ အက်စ်ယူဗီကိုယ်ထည်ကို လေးခွင်းအားကောင်းစေတဲ့ ဒီဇိုင်းအသွင်အဖြစ်နဲ့ပုံဖော်ထားတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၇ – တရုတ်နိုင်ငံအခြေစိုက်ကားကုမ္မဏီဖြစ်တဲ့ ဂျီအေစီ (GAC Motor)က  ထုတ်လုပ်တဲ့ ၂၀၁၇ မော်ဒယ် GS 5 Super အက်စ်ယူဗီ ကားအမျိုးအစားဟာ All around Intelligent Safety Driving Assistance System ပါရှိတဲ့အတွက် ယာဉ်ရဲ့ပတ်လည်မှာရှိတဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားတွေကို အလိုအလျောက်ကြိုတင်ထောက်လှမ်းရှာဖွေနိုင်ပြီး ကြိုတင်ကာကွယ်ပေးနိုင်တဲ့အတွက် လုံခြုံစိတ်ချစေမှုမြင့်မားပါတယ်။
၂၀၁၇ မော်ဒယ် GAC Motor ရဲ့ GS 5 Super အသစ်စက်စက်ကားရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၃၈၈၈ ဖြစ်ပါတယ်။ L.S Automotive group Myanmar က တရားဝင်တင်သွင်းခွင့်ရရှိထားပြီး အမှတ် ၃၅၁၊ ပြည်လမ်း စမ်းချောင်းမြို့မှာ ကားအရောင်းပြခန်းဖွင့်လှစ်ထားပါတယ်။ ဝယ်ယူသူတွေ အနေနဲ့ ငါးနှစ် ဒါမှမဟုတ် ကီလိုတစ်သိန်း အာမခံရရှိပါမယ်။
အင်ဂျင်
– 1.8L တာဘိုအင်ဂျင်ဖြစ်ပြီး လောင်စာအဖြစ် အောက်တိန်းကိုအသုံးပြုပါတယ်။
– အင်ဂျင်စွမ်းဆောင်ရည် 5250 rpm မှာ မြင်းကောင်ရေ 177 hp ရှိပြီး၊  ရုန်းအားအနေနဲ့ 1700 rpm မှာ 242 N.M ရှိတယ်။
– DCT ဂီယာခုနစ်ချက ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
- ဆလင်ဒါလေးလုံးထိုး အင်လိုင်းအမျိုးအစား၊ DOHC အင်ဂျင်ဖြစ်တယ်။
အပြင်ပိုင်း/အတွင်းပိုင်း
- GS,GB,GE နဲ့ GT ဆိုပြီး ဂရိတ်လေးမျိုးခွဲခြားထုတ်လုပ်ပါတယ်။ ဂရိတ်ပေါ်မူတည်ပြီးပါဝင်တဲ့ ပစ္စည်းအမျိုးအစားကွဲပြားနိုင်ပါတယ်။
- ယာဉ်ရဲ့တည်ဆောက်ပုံကခံ့ညားတဲ့ အက်စ်ယူဗီကိုယ်ထည်ကို လေးခွင်းအားကောင်းစေတဲ့ ဒီဇိုင်းအသွင်အဖြစ်နဲ့ ပုံဖော်ထားတယ်။
-  ယာဉ်နောက်ပိုင်း အချက်ပြမီးတွေက အယ်လ်အီးဒီ မီးလုံးတွေဖြစ်ပြီး ဒေးလိုက်မီးလုံးတွေပါရှိတယ်။
-  စပီကာ ခြောက်လုံးပါရှိတဲ့ အဆင့်မြင့် အသံစနစ်ဖြစ်ပြီး စီဒီပလေရာ အော်ဒီယိုနဲ့ ဗီဒီယိုစနစ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်။
– အမ်ပီသရီး၊ ယူအက်စ်ဘီ၊ ဘလူးတုသ်တို့နဲ့လည်းချိတ်ဆက်နိုင်တယ်။
- အော်တိုစတီယာရင် စနစ်ဖြစ်ပြီး စတီယာရင်လက်ကိုင်ကို လည်သာနဲ့ဖုန်းအုပ်ထားတယ်။
- လည်သာထိုင်ခုံတွေက စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်တဲ့ပါဝါစနစ်ဖြစ်တယ်။
– အော်တိုအဲကွန်းစနစ်စ်ပြီး နှစ်လမ်းသွားအအေးပေးစနစ်ပါရှိတယ်။
- ဖုဝရေ ဆုနရု၏ ပါရှိတဲ့အတွက် သဘာဝအလင်းရောင်နဲ့  သဘာဝလေနုအေးကို ခံစားနိုင်တယ်။
- အဆင့်မြင့် ဘရိတ်စနစ်တွေပါရှိတဲ့အတွက် လုံခြုံစိတ်ချစေပါတယ်။
– သတ်မှတ်အမြန်နှုန်းနဲ့အလိုအလျောက် မောင်းနှင်နိုင်တဲ့ Cruise Control၊ အလိုအလျောက်ပါကင်ထိုးနိုင်အောင်ကူညီပေးတဲ့ Parking Sensor နဲ့ Rear View Camera System တွေပါရှိတယ်။
– ပတ်လည်အသက်ကယ်လေအိတ်စနစ် ပါရှိပါတယ်။

Author – အောင်ထွန်းဦး