The Kumudra Journal

ကားအောက်ပိုင်းစနစ် ချို့ယွင်းရင်သိရှိနိုင်တဲ့ အချက် ခုနစ်ချက်

ရန်ကုန်၊ ဇန်နဝါရီ ၈ – သင့်ကားရဲ့အောက်ပိုင်း ဆပ်စပိုင်းရှင်းစနစ် (Suspension Sy-stem)မှာ ပြဿနာရှိနေပြီဆိုရင် ကားကိုတည်ငြိမ်အောင် ထိန်းကျောင်းဖို့ခက်ခဲပြီး ယာဉ်အန္တရာယ်နဲ့ကြုံတွေ့နိုင်ပါတယ်။ အဲဒါကြောင့် ကားရဲ့အောက်ပိုင်းစနစ်မှာ ပြဿနာရှိနေရင်သိရှိနိုင်တဲ့ လက္ခဏာ တွေကိုမှတ်သားထားနိုင်ဖို့ပါတယ်။
ယာဉ်က အောက်စိုက်သွားတာ
ယာဉ်မောင်းသူက ဘရိတ်ကိုနင်းပြီး ရပ်တန့်လိုက်တဲ့အခါ ကားဟာ ပုံမှန်ထက်နိမ့်ပြီးအောက်စိုက်သွားတာ ဒါမှမဟုတ်ဖြည်းဖြည်းချင်းရှေ့ငိုက်သွားတာမျိုးပါ။ ဘရိတ်ကိုနင်းလိုက်တာနဲ့ ယာဉ်ကတုန်ခါသွားပြီး ရှေ့ငိုက်သွားပါမယ်။ အဲသည် လက္ခဏာမျိုးပြနေပြီဆိုရင် အရေးပေါ်အခြေအနေမှာ အမြန်ဆုံးရပ်တန့်ဖို့ ခက်ခဲလာနိုင်ပါတယ်။ အဲဒါဟာ ဆပ်စပိုင်းရှင်း စနစ်မှာ ပြဿနာရှိနေတာကြောင့် ကျွမ်းကျင်တဲ့ မက္ကင်းနစ်နဲ့ အမြန်စစ်ဆေးပြုပြင် သင့်ပါတယ်။
တစ်ဖက် ဆွဲသွားတာ
မောင်းနှင်နေရင်း ယာဉ်က တစ်ဖက်ဆွဲသွားတာက အမျိုးမျိုးဖြစ်နိုင်တယ်။ တပ်ဆင်ထားတဲ့ တာယာတွေမတူညီတာ၊ အလိုင်းမန့်မတူညီတာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ တာယာမှာကပ်ညှိနေတဲ့ ရွှံ့စေးတွေ၊ အညစ် အကြေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်တာယာစစ်ဆေး တာတွေ၊ အလိုင်းမန့်ချိန်တာတွေ ပြုလုပ်သင့်ပါတယ်။ အဲသည်လိုစစ်ဆေးပြုပြင်ပြီး တစ်ဖက်ဆွဲနေသေးတယ်ဆိုရင်တော့ ဆပ်စပိုင်းရှင်းစနစ်နဲ့ စတီယာ ရင်တွေရဲ့ အချိတ်အဆက်နေရာတွေမှာ ပြဿနာရှိနေတာဖြစ်ပါတယ်။
တစ်ဖက် နိမ့်စောင်းနေတာ
ကားရပ်ထားတဲ့အခါ ကားကတစ်ဖက်ဖက်ကို နိမ့်နေတာကို အမြင်နဲ့သိရှိနိုင်တယ်။ ပထမဆုံးစစ်ဆေးသင့်တာကတာယာတွေကိုပါ။ နိမ့်နေတဲ့ဘက်က တာယာရဲ့လေပေါင်အခြေအနေက ပုံမှန်ဖြစ်ရဲ့လားဆိုတာကိုပါ။ အဲသည်ဘက်တာယာကလေမလျော့ဘူးဆိုရင်တော့ အဲသည်ဘက်အခြမ်းမှာရှိတဲ့ ဆပ်စပိုင်းရှင်းစနစ်ချို့ယွင်းနေတာပါ။
အကွေ့ယာဉ်ကိုမောင်းနှင်တဲ့အခါ အကွေ့တွေမှာ ယာဉ်ကတစ်ဖက်ဆွဲသွားတာ ဒါမှမဟုတ် ဒရွတ်ဆွဲသွားတာမျိုးခံစားရနိုင်ပါတယ်။ အဲသည်လက္ခဏာမျိုးပြလာရင်တော့ ဆပ်စပိုင်းရှင်းစနစ်မှာ ပြဿနာဖြစ်နေတာပါပဲ။ ပိုပြီးအရှိန်မြင့်မောင်းလိုက်တာနဲ့ ယာဉ်ကိုတည်ငြိမ်အောင် ထိန်းချုပ်မထားနိုင်တော့ဘူးဆိုတာကို ကြိုတင်ညွှန်ပြတာပါ။
ပြန်ခုန်တက်တာ
ကားက ချိုင့်ခွက်တွေအဖုအထစ်တွေ နဲ့ မညီညာတဲ့လမ်းမှာ မောင်းတဲ့အခါတစ်စုံတစ်ခုကို တိုက်မိလို့ပဲဖြစ်ဖြစ်၊ ချိုင့်ခွက်တွေထဲကျမိလို့ပဲဖြစ်ဖြစ် အဲသည်လိုဖြစ်ပြီးတဲ့အခါ ယာဉ်ကအပေါ်ကို ပြန်ခုန်တက်နေတာမျိုးဆက်ဖြစ်နေ တာက ဆပ်စပိုင်းရှင်းစနစ်ထဲမှာရှိတဲ့ ရှော့ခ်ဘား (shock absorber)နဲ့ လိဖ်စပရင် (leaf spring)တွေ ချို့ယွင်းနေလို့ဖြစ်တယ်။
ရှော့ခ်ဘားက ဆီယိုစိမ့်တာ
ကားရဲ့အောက်ပိုင်းကိုစစ်ဆေးတဲ့အခါ shocks ဒါမှမဟုတ် struts တွေက ချောဆီအညစ်အကြေး ဒါမှမဟုတ်ဆီပေကျံနေတာတွေ့ရရင်တော့ အဲသည်ပစ္စည်းတွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ဘူးဆိုတာကိုညွှန်ပြနေတာပါ။ လဲလှယ်ရမယ့် အချိန်ရောက်ပြီဆိုတာကိုသိနိုင်ပါတယ်။
ကြမ်း ကြမ်းတမ်းတမ်းတုန်ခါ
ကားမောင်းနှင်စဉ်မှာ ကားရဲ့ကိုယ်ထည်က ပုံမှန်ထက်ပိုပြီးတုန်ခါနေတယ်။ လမ်းပေါ်က အဖုအထစ်တွေတိုက်မိတဲ့အခါတွေမှာ ပိုပြီးကြမ်းကြမ်း တမ်းတမ်းတုန်ခါနေတယ်။ အဲဒါက ယာဉ်အောက်ပိုင်း ဆပ်စပိုင်းရှင်းစနစ်က ယာဉ်ကို တည်ငြိမ်အောင် မထိမ်းချုပ်နိုင်တော့ဘူးဆိုတာသတိပေးနေ တာပါ။ ကျွမ်းကျင်တဲ့ မက္ကင်းနစ်နဲ့ယာဉ်အောက်ပိုင်းစနစ်တွေ စစ်ဆေးပြုပြင်ရတော့မှာဖြစ်ပါတယ်။

Author – အောင်ထွန်းဦး