The Kumudra Journal

ကားဘော်ဒီနဲ့အလွိုင်းဝှီးအတွက် ဆေးရောင်ခြယ်စပရေး

ရန်ကုန်၊ ဇန်နဝါရီ ၈ – ကားအလှဆင်လိုသူတွေအတွက် ကားအလွိုင်းဝှီးတွေနဲ့ ကားဘော်ဒီတွေမှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်းပုံဖော်ပြီး အရောင်အမျိုးမျိုးပြောင်းနိုင်တဲ့ paint rubber spray ဘူးလေးတွေဖြစ်ပါတယ်။ ဈေးနှုန်းက တစ်ဘူးကို ကျပ် ၉၀ဝ၀ ဖြစ်ပါတယ်။
ရွေးချယ်စရာအရောင် ၁၄ မျိုးရှိပြီး နှစ်ဘီးကို တစ်ဘူးနှုန်းအသုံးပြုနိုင်ပါတယ်။ ကိုယ်တိုင်အသုံးပြုလို့ရအောင်လွယ်ကူပါတယ်။ ငါးထပ်မှုတ်ပေးရပါတယ်။ တစ်ခါမှုတ်ရင် ခြောက်တဲ့အထိထားပြီးမှ နောက်တစ်ထပ်ထပ်မှုတ်ရပါ တယ်။ ကားဘော်ဒီ အရောင်နဲ့လိုက်ဖက်တဲ့ အရောင်အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ပြန်ခွာရတာလွယ်ကူလို့ အရောင်အမျိုးမျိုးခဏခဏပြောင်းလဲပေးနိုင်ပါတယ်။ အောက်ခံမူလ အရောင်ကို မထိခိုက်စေဘဲပြောင်းလဲနိုင်တာပါ။
နယ်မြို့တွေကမှာရင်တော့ ကားဂိတ်အရောက်ပို့ပေးပြီး ဘဏ်မှာငွေတစ်ရက်ကြိုလွှဲရပါမယ်။ မြို့နယ်အလိုက်ပို့ဆောင်ခပေးရပါတယ်။
Cilo Online Shoppingကို အမှတ် (၃၂)၊ လမ်းမတော်လမ်း၊ မြို့မမြောက်ရပ်ကွက်၊ သန်လျင်မှာ ဖွင့်လှစ်ထားပြီး ဖုန်း – ဝ၉ ၂၆၁၅၅၇၇၃၅ နဲ့ ဝ၉ ၇၈၀၄၉၄၉၄၀ ကို ဆက်သွယ်နိုင်ပါတယ်။

Author – အောင်ထွန်းဦး