The Kumudra Journal

ဂျော့မိုက်ကယ်ရဲ့ အမွေ ဘယ်သူဆက်ခံမလဲ 

ဒီဇင်ဘာ ၂၆ – ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ (ခရစ္စမတ်နေ့) ရက်နေ့က နေအိမ်မှာ ကွယ်လွန်သွားတဲ့ အသက် ၅၃ နှစ်ရှိ ကမıာကျော်ဗြိတိ သျှပေါ့ပ်ဂီတအဆိုတော် ဂျော့မိုက်ကယ်ဟာ အဆိုတော် သက်တမ်း နှစ် ၃၀ ကျော်အတွင်းမှာ ဒေါ်လာ သန်း ၂၀ဝ ချမ်းသာလာခဲ့ပါတယ်။

သူ့ လို က မıာ ကျော် အ ဆို တော် တစ်ဦးရဲ့ အဲသည်လောက် များ ပြားလှတဲ့ ဥစ္စာဓနတွေကို ပိုင်ဆိုင်ခွင့်ရချင်သူတွေကြားမှာ တရားမမှုဖြစ်ဖို့က ကျိန်းသေသလောက်ပါ။

ဂျော့ဟာ တစ် သက်လုံး အိမ်ထောင်မ ပြုခဲ့ဖူးသလို သားသမီး လည်း တစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ သူ့ကိစ္စတွေ လုပ်ပေးတဲ့ မိသားစုဆွေမျိုးတော့ ရှိတယ်လို့ သူ့ ပြန် ကြားရေး အရာရှိရဲ့ သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။

‘အခုလို ကြေကွဲစရာကောင်းတဲ့ အချိန်မှာ ဂျော့မိသားစု က သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အလေးထားကြ ဖို့ မေတ္တာရပ်ခံထားပါ တယ်”လို့ ဖော်ပြပါတယ်။

ဂျော့ ရဲ့ ညီမတစ်ယောက်က သူမကို ၄င်းငွေမထောက်ပံ့လို့ ၂၀ဝ၄ ခုနှစ်က လန်ဒန်မြို့ရှိ သူမ တိုက်ခန်းမှ နှင်ချခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ဖူးပါ တယ်။ ဂျော့ကွယ်လွန်ကြောင်း ကြေညာပြီး သိပ်မကြာခင်မှာ ၄င်းတို့မောင်နှမရဲ့ ဆက်ဆံရေး ဘယ် လိုရှိမှန်းမသိရပေမဲ့ ဂျော့အမွေရဖို့ တရားစွဲခဲ့ရင် သူမက အဲသည်ခံ စားချက်တွေ ထည့်သွင်းဖော်ပြဖွယ်ရှိတယ်လို့ မီဒီယာတချို့က ထင်ကြေးပေးပါတယ်။

ဂျော့ဟာ Wake Me Up Before you Go Go, Last Christ-mas နဲ့ Careless Whispers သီ ချင်းတွေ သီဆိုတဲ့စုံတွဲအဖွဲ့ Whar! မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ST [ref:BBC, Dec 12, 2016.]