မာရိုင်ယာကယ်ရေးရဲ့ နှစ်ကူးည ဂီတပွဲတမင်အဖျက်ခံရဟုဆို

နယူးယောက်၊ ဇန်န ဝါရီ ၂ – R&B အဆိုတော် မာရိုင်ယာ ကယ်ရေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက နယူးယောက် မြို့တော် တိုင်းမ်ရင် ပြင်မှာနှစ်သစ်ကူး အကြို ဂီတပွဲဖြေဖျော်တော့ အေဘီစီ ရုပ်သံလိုင်းက တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ရာမှာ သူမရဲ့ သီချင်း Emotions သီဆိုစဉ် သူမနားကျပ်က ဘာသံမှ မကြားရလို့ သီချင်းကောင်းကောင်းမဆိုနိုင်လို့ ပွဲထုတ်လုပ်တင်ဆက်တဲ့ ဒစ်ကလပ်ထုတ်လုပ်ရေး (DCP) ကုမဏီကို သိပ်စိတ်ဆိုးသွား ကြောင်း၊ သူမ ပွဲပျက်အောင် ၄င်းတို့ တမင် အကွက်ဆင်ခဲ့တာ ဖြစ် ကြောင်း သူမရဲ့ ကိုယ်စားလှယ်က ဘီလ်ဘုတ် မဂ္ဂဇင်းကို ပြောပါတယ်။

ဒါပေမဲ့ DCP က ၄င်းစွပ်စွဲချက်တွေကို ပယ်ချပါတယ်။ မာရိုင်ဟာ We Belong Together သီ ချင်းကို ဆက်ဆိုတော့လည်း အခြေအနေမထူးလို့ မိုက်ခွက်ကို အောက်ချထားပြီး သီချင်းဆိုရပ်လိုက်ပေမဲ့ ကြိုတင်အသံသွင်းထားတဲ့ သူမအသံကိုတော့ ပရိ သတ်ဆက်ကြားရသတဲ့။

“မာရိုင်ယာက စင်ပေါ်မတက်ခင်ကတည်းက သူ့နားကျပ်မကောင်းဘူးလို့ စက် အဖွဲ့ကို ပြောတယ်၊ သူတို့က ဖြေ ဖျော်တဲ့အခါ ကောင်းသွားမှာပါလို့ ပြောတယ်၊ ဒါပေမဲ့ လက်တွေ့ကျတော့ အဆင်မပြေဘူး၊ မာရိုင်ယာ တကယ်မဆိုဘဲ စီဒီဖွင့်ပြီး ပါးစပ်လှုပ်ပြတယ်လို့ စွပ်စွဲတာတော့ သူ့ အတွက် အနာပေါ်တုတ်ကျသလို ဖြစ်မယ်”လို့ သူမကိုယ်စားလှယ် မစ္စနီကိုလာပီညားက ပြောပါတယ်။

ST [ref: BBC, Jan 2, 2017.]