မဖျော်ဖြေလိုက်ရတဲ့ပွဲအပေါ် ဇွန်သဉ္ဇာ ဘက်ကဘာပြောသလဲ

ရန်​ကုန်​-ဇန်​န၀ါရီ ၁၀ရက်
ကန်​ထရိုက်​​ကြောင့်​ ဧရာဝတီတိုင်း၊ကြံခင်းမြို့ ၊ပုလိုင်း​ကျေးရွာက ​ရွှေသာ​လျောင်းဘုရားပွဲ​တော်​မှာ ပွဲကခွင့်​ပျက်​ခဲ့တဲ့ ​မော်​ဒယ်​သရုပ်​​ဆောင်​ ဇွန်​သဉ္ဇာက အခြားပွဲ​တွေမှာ​တော့ ဆက်​လက်​ကပြ ​ဖျော်​​ဖြေသွားမယ်​လို့ဆိုပါတယ်​။
ကန်​ထရိုက်​​တွေက ဇွန်​သဉ္ဇာရဲ့ ဗီနိုင်းပုံကို ကာယကံရှင်​မသိဘဲ အွန်​လိုင်း​ပေါ်က sexy ဆန်​တဲ့ဓာတ်​ပုံ​တွေနဲ့ ​ကြော်​ငြာခဲ့တာ​ကြောင့်​ မြန်​မာနိုင်​ငံ သဘင်​အစည်းအရုံးက
မြန်​မာ့ ယဉ်​​ကျေးမူနဲ့ မသင့်​​လျော်​ဟုဆိုပြီးပွဲကခွင့်​ရုတ်​သိမ်းခဲ့တာဖြစ်​တယ်​လို့သိရပါတယ်​။
ပွဲကခွင့်​ရုတ်​သိမ်းခံရတာ​ကြောင့်​ မြန်​မာနိုင်​ငံသဘင်​အစည်းအရုံးနဲ့သွား​ရောက်​​တွေ့ဆုံခဲ့တဲ့ ဇွန်​သဉ္ဇာက
” သမီး ဦး​နေဝင်း နဲ့သွား​တွေ့တဲ့အခါ ဦး​နေဝင်း က​ပြောတယ်​။သမီးအခုလိုမတရားခံရတာဆိုရင်​ အဲဒီဓာတ်​ပုံ​တွေသမီး​ပေးလိုက်​တာမဟုတ်​ဘူး။သူတို့ဟာသူတို့တင်​တာဆိုရင်​ အစည်းရုံးကိုလာရှင်းလိုက်​ပါဆိုလို့ သမီးသွားရှင်းလိုက်​တယ်​။အဲဒီမှာ အတွင်း​ရေးမူး ဦးမိုးဝင်းနဲ့​တွေ့ပြီး ဒီပုံ​တွေကဘသမီး​ပေးတာမဟုတ်​ဘူး။သူတို့ဘာသာပွဲစတာနဲ့အွန်​လိုင်း ​က​နေ ယူပြီးဒီလိုမျိုး​တွေတင်​ထားခဲ့တာဆို​ပြီး ရှင်းပြ​တော့ သူတို့ကလည်းအဆင်​​ပြေပါတယ်​။သိတယ်​။သမီးကကြားညပ်​တယ်​ဆိုတဲ့အ​ကြောင်းကို ​ပေါ့။တကယ်​လို့ ပွဲဖြစ်​​စေချင်​တယ်​ဆို​စေချင်​တယ်​ဆိုရင်​ သူတို့ဆီလာပြီးကန်​ထရိုက်​ကိုလာပြီး ​တောင်းပန်​ခိုင်း​ပေါ့။ဒါ​ပေမယ့်​ ကန်​ထရိုက်​အ​နေနဲ့​ကလည်း
ချက်​ခြင်းကြီးလာပြီး ​တောင်းပန်​ခိုင်းဖို့ကျ​တော့ သူတို့ဘက်​က မဖြစ်​နိုင်​ဘူး။သူတို့​တွေကို ​နောင်​ကျဉ်​သွား​အောင်​ သမီး ဒီတစ်​ပွဲ​တော့သွားမဆိုပါနဲ့​တော့တဲ့။နောက်​ပွဲ​တွေကျမှပဲ ​အေး​အေး​ဆေး​ဆေး ဆိုပါဆိုပြီး ဖြစ်​သွားတယ်​။
နောက်​ပွဲ​တွေ​တော့စာချုပ်​အတိုင်းသွားဆိုမှာ​ပေါ့​နော်​” လို့ရှင်းပြပါတယ်​။
သူကဆက်​ပြီး “အဓိက ​နောက်​တစ်​ခါကန်​ထရိုက်​​တွေလာဌားရင်​ ပုံကိုစီစစ်​ပါ သူတို့ဘုတ်​​ထောင်​ပြီးရင်​လည်းကိုယ့်​ကိုပြပါ ဒီလိုမျိုးဗီနိုင်း​တွေတင်​ထားရင်​လည်းသူတို့ကို တရားစွဲတာမျိုး လုပ်​​ပေးပါတဲ့ သဘင်​ဘက်​က​ပြောပါတယ်​။ ” လို့ထပ်​မံရှင်းပြပါတယ်​။
ဇွန်​သဉ္ဇာက လာမယ့်​ ၁၂ရက်​​နေ့မှာ ဧရာဝတီတိုင်း သဲကုန်းမြို့၊ ၂၀ရက်​​နေ့ ​ပေါင်းတည်​မြို့၊၂၁ဂက်​​နေ့ သုံးခွမြို့နဲ့၂၂ရက်​​နေ့ မ​ကွေးမြို့​တွေမှာ သွား​ရောက်​​ဖျော်​​ဖြေဖို့ရှိပြီး ဝတ်​စားဆင်​ယင်​မူကို​တော့ လျပ်​​ပေါ်​လော်​လီတာမျိုးမဟုတ်​တဲ့ ဖက်​ရှင်​ကျကျ ဝမ်းဆက်​တစ်​ဆက်​တည်းအတို​လေး​တွေကို ဝတ်​ဆင်​သွားမယ်​လို့သိရပါတယ်​။
ခတ္တာဖြူ