စူပါမော်ဒယ် ခရစ်ဆီတီးဂင်း က ဒေါ်နယ်လ်ထရမ့်ကို ရန်တွေ့

လော့အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၆ – ဂရမ်မီဆု ရှင် R&B ဂီတအဆိုတော် ဂျွန်လဲ ဂျင်းရဲ့ဇနီးစူပါမော်ဒယ်ခရစ်ဆီ တီးဂင်းဟာ ဒေါ်နယ်ထရမ့်က ၄င်းရဲ့ ကျမ်းသစ္စာဆိုပွဲတက်ခွင့်ရဖို့ ကျော်ကြားသူတွေ ကြိုးပမ်းနေတယ်လို့ တွစ်တာမှာ ရေးသားပြီးနောက် တုံ့ပြန် ရေးသားလိုက်ပါတယ်။

ထရမ့်က ပထမဦးစွာ တွစ်တာမှာ ယခုလိုရေးပါတယ်။

“ထိပ်သီးကျော်ကြားသူတွေက ကျုပ်ကျမ်းကျိန်ပွဲတက်ခွင့် လက်မှတ်သိပ်လိုချင်နေကြတယ်၊ ဒါပေမဲ့ ဟီလာရီကလင်တန်အတွက် သူတို့ဘာမှ မလုပ်ပေးနိုင်ခဲ့ ဘူး၊ ကျုပ်ပွဲကို ပြည်သူတွေပဲ လာစေချင်တယ်ဗျ”တဲ့။ ဇန်နဝါရီလ ဆန်းကျင်းပမယ့်ထရမ့်ရဲ့ ကျမ်းကျိန်ပွဲမှာ ဖြေဖျော်ဖို့ဖိတ်ကြားချက်ကို အများစုက ငြင်းထားပါတယ်။

အဲဒါကြောင့် ခရစ်ဆီက “ကျွန်မတို့က ပြည်သူတွေ၊ ရှင်က ကျွန်မတို့ရဲ့ သမ္မတရှင့်ကို ကျွန်မက သမ္မတမဖြစ်စေချင်ပေမဲ့ အခု ရှင်က ဖြစ်နေပြီ၊ ကျွန်မတို့ မထောက်ခံဘဲနဲ့ ရှင်က သမ္မတ အသေအလဲဖြစ် ချင်မှန်းသိတယ်၊ ရှင့်ပွဲမှာ အပေါ စား ဒီဂျေတွေ ဖြေဖျော်တာကိုပဲ အရသာခံလိုက်ပေတော့˘လို့ ပြန် ရေးလိုက်ပါတယ်။

SNZ [ref: ww, Dec 26, 2016.]